ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာအတွင်း မြေအသုံးပြုမှု ကန့်သတ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်မည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြန် လည်နေရာချထားရေးပံ့ပိုးမှုများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော် ၀ါရီ ၁၀ ရက်ကို အကျုံးဝင်သည့်နောက်ဆုံး ရက်စွဲ Cut Off Date (COD) အဖြစ် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။
ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း (၁) Yangon Elevated Expressway (YEX) Phase I အကျုံးဝင်သည့်နောက်ဆုံးနေ့ (Cut Off Date) ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၀) ဖြင့် ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန (MOC) နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ (YRG) တို့သည် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း (၁) Yangon Elevated Expressway (YEX) Phase I ကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စီမံကိန်းအတွက် ဘဏ္ဍာရေးအကြံပေးအဖြစ် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော International Finance Corporation (IFC) က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီမံကိန်းအပိုင်း(၁)၏ အရှေ့ဘက်ခြမ်း အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် ဒေါပုံတံ တားအဆင်းမှစတင်ကာ အထက်ပုဇွန်တောင် လမ်း၊ သံသုမာလမ်း၊ ဝေဇယန္တာလမ်း၊ သု ဓမ္မာလမ်းတို့တစ်လျှောက် အမှတ် (၃) လမ်း မကြီး (ခရေပင်လမ်းဆုံ) အထိ အရှည် ၁၉ ကီလိုမီတာခန့်၊ အရှေ့အနောက်ခြမ်းအဖြစ်၊ အမှတ်(၃)လမ်းမကြီး(ခရေပင်လမ်းဆုံ)မှ ခရေပင်လမ်းတစ်လျှောက် တညင်းကုန်းလမ်း ဆုံအထိ အရှည် ၅ ဒသမ ၅ ကီလိုမီတာနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းအဖြစ် အသံလွှင့်ရုံလမ်းတစ်လျှောက် အရှည် ၂ ဒသမ ၅ ကီလိုမီတာ စုစုပေါင်း လမ်းအရှည် ၂၇ ကီလိုမီတာခန့်နှင့် လမ်း နယ်မှာ မီတာ ၃၀ ခန့်ဖြစ်သည်။ လမ်း၏အ လယ်မျဉ်းမှ တစ်ဖက်လျှင် ၁၅ မီတာခန့်ဖြစ် ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၊ IFC နှင့် အခြားနိုင်ငံတကာ ငွေကြေအးဖွဲ့အစည်းများမှ ချမှတ်ထား သောမူဝါဒစံနှုန်းများနှင့်အညီ ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၁၀ ရက်အ ထိ ကာလသည် စီမံကိန်းသက်ရောက်မည့် ဧရိယာတစ်ခုလုံးကို စစ်တမ်းကောက်ယူရန် လျာထားကာလဖြစ်ကြောင်း၊ အကျုံးဝင်သ ည့် နောက်ဆုံးရက်စွဲ Cut Off Date (COD) နေ့ရက်သည် အထက်ဖော်ပြပါမူဝါဒစံနှုန်း များနှင့်အညီ စစ်တမ်းကောက်ယူမည့် ပထမ နေ့ရက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။
Cut Off Date (COD)နေ့ရက် နောက်ပိုင်း စီမံကိန်းနယ်မြေအတွင်း တည်ရှိ နေသော မြေနှင့် အဆောက်အအုံများကို ပြု ပြင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက် ခြင်း ၊ အဆောက်အအုံအသစ်တည်ဆောက် ခြင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း၊ ရောင်း ချခြင်းများအတွက် မြေယာလျော်ကြေးနှင့် ပြန်လည်နေရာချထားရေး၊ ကရုဏာကြေး ပံ့ပိုးမည့်အစီအစဉ်များ ရရှိခံစားနိုင်မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ၏ အသိပေး ကြေညာချက်တွင် ဖော်ပြထားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၆၇ နှင့် ၃၃၆ ပါ ပြဋ္ဌာန်းချက်များ အရ ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းအပိုင်း (၁) Yangon Elevated Expressway (YEX) Phase I အတွက် စီမံကိန်းအကျုံးဝင်သည့်နောက်ဆုံးနေ့ Cut Off Date (COD) ကို အများပြည်သူတို့ သိရှိစေရန် ထုတ်ပြန် ကြေညာခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
