ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့ရောက် မြန်မာကျောင်းသားများအနက် ၅၉ ဦးသာ အထူးလေယာဉ်ဖြင့် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပြီး ၄ ဦးမှာ ကိုယ်အပူချိန်မြင့်သဖြင့် ကျန်ရှိနေခဲ့ ကြောင်း သိရသည်။
တရုတ်အစိုးရခွင့်ပြုချက်ဖြင့် ဝူဟန်မြို့ ရှိ မြန်မာကျောင်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် စီစဉ်ကာ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါကျောင်းသားများအား ပြန်လည်ခေါ်ဆောင်ရန်အတွက် မြန်မာနိုင်ငံမှ လေယာဉ်ဝန်ထမ်း ကိုးဦး၊ လုံခြုံရေးနှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားထားသည်။
မြန်မာကျောင်းသား ၅၉ ဦးမှာ မန္တလေး မြို့ရှိ တံတားဦးလေဆိပ်သို့ ဖေဖော်ဝါရီ ၂ ရက် နံနက် ၄ နာရီ ၂ မိနစ်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ယင်းမှတစ်ဆင့် မန္တလေးမြို့ရှိ ကန်တော်နဒီ ဆေးရုံသို့ ပို့ဆောင်ကာ စောင့်ကြည့်စစ်ဆေးမှု များ ပြုလုပ်မည်ဖြစ်သည်။
ယင်းဆေးရုံတွင် ပြည်တော်ပြန်လာသည့် ကျောင်းသားများအတွက် အလုံးစုံပြင်ဆင် ထားကြောင်း မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏ လူမှုကွန်ရက်စာတွင် ရေးသားထားသည်။
“ကျောင်းသားများမှာ ရောဂါသည်များ လုံးဝမဟုတ်ကြောင်း၊ ဝူဟန်မှာနေစဉ်ကတည်းက ကျောင်းကအဆောင်တွေမှာနေပြီး ပြင်ပနဲ့ အထိအတွေ့ လုံးဝမရှိသူတွေဖြစ်တာရယ် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဖျားနာခဲ့တာမရှိ တာကြောင့် မြန်မာပြည်ကို ရောဂါတွေ ပြန် သယ်လာမယ့်သူတွေမဟုတ်ဘူးဆိုတာ ကျွန် တော် ဆရာဝန်တစ်ယောက်အနေနဲ့ အပြည့် အဝယုံကြည်ပေမဲ့ စောင့်ကြည့်ကာလအတွင်း ဖျားနာလာရင် ပြည်သူ့ဆေးရုံကြီးရဲ့ သတ်မှတ် အခန်းကိုရွှေ့ပြီး nCoV ရောဂါဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမှာပါ။ အစစအရာရာ WHO Guidelines အတိုင်း စီမံဆောင်ရွက်နေတာဖြစ်လို့ မြို့သူမြို့သားများအနေနဲ့ စိုးရိမ် မှုမလွန်ကဲဖို့ အထူးပြောကြားလိုပါတယ်” ဟု မန္တလေးမြို့တော်ဝန် ဦးရဲလွင်က ၎င်း၏လူမှု ကွန်ရက်တွင် ရေးသားထားသည်။
ပြန်လည်ရောက်ရှိလာသည့် ကျောင်း သားများကို အစားအစာ ကျွေးမွေးရာတွင် တစ်ခါသုံးဘူးများ အသုံးပြုမည်ဖြစ်ကြောင်း၊ မိ သားစုဝင်များ ပြင်ပလူများနှင့် အဆက်အ သွယ်မပြတ်စေရန် မိုဘိုင်ဆင်းမ်ကတ်များ ပေး ထားမည်ဖြစ်ပြီး Myanmar Net ကုမ္ပဏီမှ (Frontiir Co.) က Free Wi Fi တပ်ဆင် လှူ ဒါန်းပေးထားကြောင်း၊ အမှိုက်များကိုလည်း PPE ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် သန့် ရှင်းရေးဝန်ထမ်းများက သိမ်းဆည်းမည်ဖြစ်သကဲ့သို့ သီးသန့်အမှိုက်သိမ်းယာဉ်ဖြင့် သယ်ဆောင်ကာ မီးရှို့ဖျက်ဆီးမည်ဖြစ်ကြောင်း ဦးရဲလွင်က ဆက်လက်ရေးသားထားသည်။
အဆိုပါကျောင်းသား ၆၃ ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်တွင် ဝူဟန်မြို့ရှိ ကျောင်းများတွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
