ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေးမြို့တွင် ကျင်းပမည့် မဟာဘွဲ့နှင်းသဘင်အခမ်းအနား ရက်ရွှေ့ဆိုင်းကျင်းပမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ (၃၄) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက် (သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် မန္တလေး တိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာအတုလ ဝေယံ (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ စာ အောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာတော်များ အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သာသနာရေးဦးစီးဌာနက ပင့်လျှောက် ထားခဲ့ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန်မြို့၌ Novel Coronavirus (အဆုတ်ရောင်ရောဂါ) များ ဖြစ်ပွားလျက် ရှိသဖြင့် 2019 Novel Coronavirus (2019-nCoV) စောင့်ကြည့်စစ်ဆေးကုသရေးကော် မတီ၏ တင်ပြချက်အရ ဇန်နဝါရီ ၃၁ ရက် တွင် ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ လူစုလူဝေးအင်အား အများအပြားဖြင့် ကျင်းပပြုလုပ်မည့် အခမ်းအနားများ ကျင်းပခြင်းမပြုသေးရန်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့က မဟာဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းကျင်းပလို ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနသို့ မေတ္တာရပ်ခံလာခဲ့ရာ သာသနာရေး ဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဆရာတော်ကြီးများအား လျှောက်ထားခဲ့ ကြောင်း ၊ ထိုသို့ လျှောက်ထားရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ က မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းကျင်းပရန် သဘောတူ ညီခဲ့ကြကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ထို့ကြောင့် (၃၄) ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနား ကျင်းပ မည့်ရက်ကို သာသနာရေးဦးစီးဌာနက ပြန် လည်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
