တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် ဝင်ရောက်ခွင့် ယာယီရပ်ဆိုင်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၉ Corona Virus (2019 n-CoV) ကြောင့် အဆုတ်ရောင်ရောဂါကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအ ဖြစ် ၃၀-၁-၂၀၂၀ ရက်နေ့မှစ၍ ကြေညာခဲ့ပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းမပြုရန်နှင့် ကာကွယ်ကုသထိန်းချုပ်ရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသား ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ် ထိန်းချုပ်ရန်အတွက်လည်းကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာ ရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် ဝင်ရောက်ခွင့်ပြုသည့် နိုင်ငံပေါင်း ၆၇ နိုင်ငံအထိရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ကမ္ဘာလှည့်ဗီဇာအပါအဝင် စီးပွားရေးဗီဇာ၊ သင်တန်းအစည်းအဝေးပွဲများ၊ သုတေသနလုပ်ငန်းများနှင့် သက် ဆိုင်သည့် ဗီဇာ၊ Transit Visa နှင့် Crew Visa စသည့် ဗီဇာအမျိုးအစားများအတွက် ဆိုက်ရောက် ဗီဇာ (Visa On Arrival) ဖြင့် ဝင်ရောက်ခွင့် ကို နိုင်ငံပေါင်း ၅၄ နိုင်ငံအား လည်းကောင်း၊ Transit Visa အား တရုတ်၊ အီတလီ၊ သြစတြေးလျ၊ ဂျာမနီ၊ အိ န္ဒိယ၊ စပိန်၊ ဆွစ်ဇာလန် နှင့် ရုရှားနိုင်ငံများအားလည်းကောင်း လျှောက်ထားခွင့်ပြုထားပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ သြစတြီးယား၊ ဟန်ဂေရီ၊ နယူးဇီလန်၊ ချက်နှင့် လူဇင်ဘတ် နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက်ဗီဇာ (Visa On Arrival) ဖြင့် လျှောက်ထား ဝင်ရောက်ခွင့်ပြုထားခြင်းဖြစ် သည်။
ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွားများအား ၂၀၁၈ အောက်တိုဘာ ၁ ရက်မှ စ၍ ဗီဇာကင်းလွတ် ခွင့်ပြုခဲ့ပြီး လေကြောင်းဖြင့် လာရောက်မည့် တရုတ်နိုင်ငံသား (ဟောင်ကောင်နှင့် မကာ အို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံသားများ အပါအဝင်) ကမ္ဘာလှည့် ခရီးသွားများအား ဆိုက်ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ ဝင်ရောက် ခွင့်ပြုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
