ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခန့်က ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်တွင် မီးလောင်မှု ဒုတိယအကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဒီတစ်ကြိမ်နဲ့ဆိုရင် ဇွဲကပင်တောင် မီး လောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီပေါ့။ လွန်ခဲ့တဲ့ လေးလကျော်က ဇွဲကပင်တောင်အရှေ့ဘက် ဗျိုင်းတောင်ကျေးရွာအထက်နားက ဇွဲကပင် နောင်ကမ်းပါးကနေ မီးလောင်မှုဖြစ်ပွားခဲ့ ပြီး အခုက ဇွဲကပင်တောင် အနောက်ဘက် တော်ပုံကျေးရွာအထက် ချောက်ကမ်းပါး က နေ စတင်မီးလောင်မှုဖြစ်ပွားရခြင်း ဖြစ်ပါ တယ်။ လူရှို့မီးတော့လည်း မဟုတ်ဘူး။ ရိုးရိုး တောမီးလောင်တယ်လို့ပဲ ယူဆရပါတယ်” ဟု တော်ပုံကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်သည် ဘားအံမြို့နှင့် ရှစ်မိုင် အကွာ၌ တည်ရှိပြီး ပေပေါင်း၂၇၀၀ ကျော် မြင့်မားကာ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည် တွင်းပြည်ပခရီးသွားများ စိတ်ဝင်စားမှုမြင့် တက်လာခဲ့ပြီး နေ့စဉ်တောင်တက်သူများ လာရောက်တက်လေ့ရှိကြောင်းသိရသည်။
“ဇွဲကပင်တောင်ပေါ် တက်လေ့ရှိတာက ဘုရားပွဲတော် ကျင်းပလေ့ရှိတဲ့ တပေါင်း လပြည့်နေ့လိုမျိုးမှာပဲ ရပ်ဝေးရပ်နီး ခရီးသည် တွေ လာရောက်တက်ရောက်လေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာတော့ နယ်မြေ အေးချမ်းမှုနဲ့ ဇွဲကပင်တောင် ကေဘယ်ကား စီမံကိန်းကြောင့် လူအများစိတ်ဝင်စားမှုများ လာပြီး နေ့စဉ်လိုလို တောင်ပေါ် တက်ရောက် သူတွေရှိတာ တွေ့ရပါတယ်” ဟု ဘားအံမြို့ ဒေသခံတစ်ဦးက ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခန့်မှ စတင်လောင်ကျွမ်းနေသည့် ဇွဲကပင်တောင် မီးလောင်မှုကို ကရင်ပြည်နယ် မီးသတ်တပ် ဖွဲ့ဝင်များက မီးငြိှမ်းသတ်ယာဉ်များဖြင့် အခြေအနေ စောင့်ကြည့်လျက်ရှိပြီး ဇွဲကပင်တောင် ခြေတွင် အသင့်ပြင်ဆင်ထားမှုရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
