အမှတ် (၃) လမ်းမကြီးဘေးရှိ နှစ်အိပ်၊ လအိပ်နှင့် ညအိပ်ကားများကို မော်တော်ယာဉ်ဥပဒေများဖြင့် အရေးယူ၍ ရှင်းလင်းဖယ်ရှားဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက မင်္ဂလာဒုံမြို့နယ်အမှတ် (၃) လမ်းမကြီးဘေးရှိ နှစ်အိပ်၊ လအိပ်၊ ညအိပ် ကားများနှင့်ပတ်သက်၍ အမြန်ဆုံးမည်သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ အမှတ်(၃) လမ်းမကြီးတစ်လျှောက် လမ်းမကြီးဘေး ညအိပ်၊ လအိပ်၊ နှစ်အိပ်ကားများအနေဖြင့်၂၀၁၅ ခုနှစ်မော်တော်ယာဉ် ဥပဒေနဲ့ ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်းနဲ့ အမှတ် (၃) လမ်းမကြီးဘေးတွင် အချိန်ကာလကြာမြင့်စွာ ညအိပ်၊ လအိပ်၊ နှစ်အိပ်ရပ်နားထားတဲ့ ယာဉ်များအား ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ ပေါင်းစပ်ဖယ်ရှား ရှင်းလင်းသွားပါမယ်” ဟု ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့မှ အမှတ်(၃) လမ်းဆုံအထိ ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ခရီးသည်တင်ယာဉ်ကြီးများ၊ ကွန်တိန်နာနှင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလျက်ရှိခြင်း၊ စက်ရုံ/အလုပ်ရုံ/စက်မှုဇုန်များ တည်ရှိ၍ နေ့စဉ်အလုပ်ခွင် သယ်/ပို့ဖယ်ရီ ကားကြီးများ ဖြတ်သန်းသွားလာလျက်ရှိခြင်းတို့ကြောင့် လမ်းအသုံးပြုသူ များပြားသော လမ်းမကြီးတစ်ခု ဖြစ်သဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့က ယာဉ်သွားလာမှု ချောမွေ့လွယ်ကူစေရေးအတွက် ယာဉ်လမ်းရှင်းလင်းရေးနှင့် စည်းကမ်းမဲ့ မောင်းနှင်သွားလာမှုများအပေါ် ၂၀၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ ခုနှစ် မော်တော်ယာဉ် နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ နေ့စဉ်ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြောကြားသည်။
ထို့ပြင် အများပြည်သူ ရုံးပိတ်ရက်ရှည် ကာလများတွင် အောင်မင်္ဂလာအဝေးပြေးဝင်း ဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့တတ်သဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ပုံမှန်အင်အားအပြင် ပံ့ပိုးအင်အားများဖြင့် ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ ၁၉၈၉ခုနှစ် မော်တော်ယာဉ် နည်းဥပဒေအပိုဒ် ၁၅၃ (ဆ) တွင် လမ်းဆုံ/လမ်းခွ၊ လမ်းထောင့်/လမ်းကွေ့၊ အဝိုင်းပတ်၊ ရထားလမ်းပေါ်၊ လမ်းနံဘေးနှင့် ကပ်လျက်ရှိသော ယာဉ်ကြောမှအပ ကျန်ယာဉ်ကြောများ၊ ကျောင်း၊ ဆေးရုံအဝင်အဝ၊ တံတား၊ လမ်းကျဉ်းအဝင်အဝ၊ ဘတ်စ်ကားမှတ်တိုင်အနီး၊ တောင်ကုန်း၊ ရပ်ဆိုင်း (သို့မဟုတ်) ရပ်နားထားသော ယာဉ်နှင့် ဘေးချင်းယှဉ်သည့်နေရာ၊ မျဉ်းဖြူနှစ်ကြောင်းရှိသော လမ်းနံဘေး၊ တစ်လမ်းမောင်းလမ်းသွယ်တွင် လမ်း လက်ဝဲဘက်တို့တွင် ရပ်နားခြင်းမပြုရဟု ပြဋ္ဌာန်းထားရှိကြောင်း ဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
