နိုင်ငံပိုင်ဘဏ်များဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များတွင် ၂၀၁၈ ခုနှစ် ခြောက်လ ဘဏ္ဍာနှစ်တိုကာလအကုန်ဖြစ်သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ချေးငွေကြွွေးကျန် စုစုပေါင်းမှာ ကျပ် ၃၈၇၈ ဒသမ ၇၄၄ ဘီလျံဖြစ်ပြီး အဆိုပါဘဏ်များ၏ ချေးငွေကြွေးကျန်များအနက် အရင်းအတိုး ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသောချေးငွေ (NPL- Non Performance Loan) မှာ ကျပ် ၂၆၂ ဒသမ ၉၀၀ ဘီလျံ ဖြစ်ပေါ်နေသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ သိရသည်။
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖြန့်ဝေထားသည့် “ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ စစ် ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာဒုတိယတွဲ၊ အမှတ်စဉ် (၁/ ၂၀၂၀)” အရ မြန်မာစီးပွားရေးဘဏ်က ထုတ်ချေးခဲ့သော ချေးငွေကြွေးကျန် ကျပ် ၂၂၈၂ ဒသမ ၆၃၂ ဘီလျံဖြစ်ပြီး အရင်းအတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသောချေးငွေ ကျပ် ၁၃၃ ဒသမ ၇၇၃ ဘီလျံဖြင့် NPL အများဆုံးဖြစ်ပေါ်နေသည်။
မြန်မာ့စီးပွားရေးဘဏ်က ထုတ်ချေးခဲ့သော ချေးငွေများအနက် အရင်းအတိုးပေးဆပ်ရန် ပျက်ကွက်နေသော ချေးငွေများကို NPL ချေးငွေအဖြစ် သတ်မှတ်၍ အရေးယူဆောင်ရွက်နေပြီး လက်ရှိတွင် တရားစွဲဆိုရန် စီစဉ်ဆဲ အမှုတွဲ ၄၁၈ ခုမှာ ကျပ် ၅၁ ဘီလျံကျော်၊ တရားစွဲဆိုဆဲအမှုတွဲ ၁၈၀ မှ ကျပ် ၁၂ ဘီလျံကျော်နှင့် လေလံအမှုတွဲ ၁၇၂၄ ခု မှ ကျပ် ၇၀ ဘီလျံခန့်ရှိနေကြောင်း သိရသည်။
အလားတူ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်က ထုတ်ချေးခဲ့သော ချေးငွေများအနက် ကြွေးကျန် ကျပ် ၃၂ ဒသမ ၉၉၅ ဘီလျံဖြစ်ပြီး အရင်းအတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသော ချေးငွေမှာ ကျပ် ၃ ဒသမ ၀၂၇ ဘီလျံ ဖြစ်ပေါ်နေကြောင်း သိရသည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်က ထုတ်ချေးပေးခဲ့သည့် ချေးငွေများအနက် ရန်ကုန်ဘဏ်ခွဲတွင် အမှုတွဲ ၁၆၂ ခုမှ ချေးငွေကြွေးကျန် ၂၄ ဘီလျံကျော် ဖြစ်ပေါ်နေပြီး အရင်းအတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသော NPL ချေးငွေ ကျပ် ၁ ဒသမ ၈၄၆ ဘီလျံရှိနေသည်။ မန္တလေးဘဏ်ခွဲတွင် အမှုတွဲ ၅၅ ခုမှ ချေးငွေကြွေးကျန် ကျပ် ၈ ဒသမ ၆၈၃ ဘီလျံကျော် ဖြစ်ပေါ်နေပြီး အရင်းအတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသော NPL ချေးငွေ ကျပ် ၁ ဒသမ ၁၈၁ ဘီလျံရှိနေကြောင်း သိရသည်။
ထို့အတူ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးခဲ့သော ချေးငွေများအနက် ချေးငွေကြွေးကျန် ကျပ် ၁၅၆၃ ဒသမ ၁၁၇ ဘီလျံရှိနေပြီး အရင်းအတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်နေသော NPL ချေးငွေမှာ ကျပ် ၁၂၆ ဒသမ ၁၀၀ ဘီလျံ ရှိနေကြောင်း “ ပြည်ထောင်စုစာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆) လ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာဒုတိယတွဲ၊ အမှတ်စဉ် (၁/ ၂၀၂၀)” အရ သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ထုတ်ချေးခဲ့သော ချေးငွေများ NPL ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ သဘာဝဘေးအန္တရာယ် အခက်အခဲများ ကြုံနေရသောကြောင့် သီးနှံပျက်စီးမှုများခြင်း၊ သီးနှံစျေးနှုန်း ကျဆင်းခြင်း တို့ကြောင့် ပေးဆပ်မှုအားနည်းလာခြင်း၊ အချင်းချင်းအာမခံမှု၊ အပြန်အလှန် ထိန်းကျောင်းနိုင်မှု အားနည်းခြင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုမရှိသော နယ်မြေများတွင် ကွင်းဆင်းကောက်ခံရန် အခက်အခဲရှိခြင်း၊ လယ်မရှိတော့ခြင်း၊ မိသားစုလိုက် ပြောင်းရွှေ့သွားသဖြင့် ကြွေးတောင်းရန် ရှာဖွေမရခြင်း၊ အချို့သောချေးငွေ စိစစ်ရေးအဖွဲ့ဝင်များ၊ တောင်သူလယ်သမားများ၊ ဘဏ်ဝန်ထမ်းများ၏ ချို့ယွင်းအားနည်းချက်များကြောင့် အလွဲသုံးစားမှုများ ဖြစ်ပေါ်လာခြင်း၊ ပေးဆပ်ရန် ပျက်ကွက်သူများကို ထိရောက်သည့် အရေးယူမှု မရှိခြင်း၊ မြို့နယ်ဘဏ်ခွဲများတွင် ဝန်ထမ်းအင်အားနည်းပါးပြီး ဝန်နှင့်အားမမျှသဖြင့် ကြွေးကောက်ခံရေး လုပ်ငန်းများအား ဖိဖိစီးစီးဆောင်ရွက်နိုင်မှု မရှိခြင်းတို့ကြောင့် အရင်းအတိုး ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသော ချေးငွေများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
