ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။
အခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်ထောင်စုဝန်ကြီးများက တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းကို လှည့်လည်ကြည့်ရှုခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ပြည်ထောင်စုဝန်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊နိုင်ငံတကာသံရုံးများမှ သံအမတ်များတက်ရောက်ခဲ့ကြသည်။
အဆိုပါ သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်တွင် တိုင်းရင်းသား တို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့များ ၊ နေထိုင်မှု ပုံစံများ ၊ ဝတ်စား ဆင်ယဉ်မှုများ ပြခန်းများ ပြသထားကြောင်း သိရသည်။
ထို့ပြင် နိုင်ငံကျော် တေးတံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊တိုင်းရင်းသား လူမျိုးတစ်စု ချင်းစီ၏ စုပေါင်းအကအလှများ၊ဈေးဆိုင်ခန်းများ၊ကုန်ပစ္စည်းအရောင်းပြခန်းလည်း ပါဝင်သည်။
သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲကို ကျိုက္ကစံအားကစားကွင်းအတွင်း ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
