ရှမ်းပြည်နယ်(အရှေ့ပိုင်း) ထိုင်း၊လာအိုနယ်စပ်နှင့်အထူးဒေသနယ်စပ်ဖြတ်ကျော်ဂိတ်များတွင် ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ စစ်ဆေးမှုများလုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
“ တာချီလိတ် နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။မြန်မာနိုင်ငံထဲကို ဝင်လာတဲ့သူတိုင်းကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ကြက်ခြေနီ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ တပ်မတော် ဘက်က ဆေးတပ်ဘက်ကအစ အကုန်လုံးဝိုင်းဝန်းကူညီကြပါတယ်။တာချီလိတ်တံတားထိပ် (၁) (၂)ကို ကြည့်ပြီး တဲ့ နောက် ပြည်သူ့ကျန်းမာရေးဦးစီးမှူးနဲ့ သွားရောက်ပြီးတော့ လိုအပ်တာတွေကို ဖြည့်ဆည်းပေး ပါတယ်။မြန်မာ နဲ့ လာအိုကြားက ဝမ်ပုံစက်လှေဆိပ်ကိုလည်း သွားရောက်ပြီးတော့ ရောဂါရှာဖွေရေးစစ်ဆေးမှု တွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။” ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် ကပြောသည်။
မြန်မာ မှ ထိုင်း၊လာအို ဘက်သို့ နယ်စပ်ဖြတ်ကျော်ဂိတ် (၅)ခုအပါအဝင် အထူးဒေသရှိဂိတ်များ၊ ထိုင်းဘက်သို့ တာချီလိတ်တွင်ဂိတ်(၁)နှင့် ဂိတ်(၂) ၊ပုံပါကျင်ဂိတ်၊ လာအိုဘက်သို့ ဝမ်ပုံစက်လှေဂိတ််၊ ကျိုင်းလပ်ဂိတ် အထူးဒေသဂိတ်များဖြစ်သည့် ဆီလူးဂိတ်၊မိုင်းဖျန်ဂိတ်၊မိုင်းယုဂိတ် တို့ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့တွင် တာချီလိတ်နယ်စပ်ဖြတ်ကျော်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့သည့်ဦးရေ တစ်သောင်းကျော်ထိ ရှိကြောင်း သိရသည်။
“ အခုအချိန်မှာတော့ ထိုင်းနယ်စပ် တာချီလိတ်ဂိတ်မှာ တစ်သောင်းဆိုတဲ့နေရာမှာ မြန်မာပြည်ဘက်ကနေ ထိုင်းဘက်ကို သွားလိုက်ပြန်ဝင်လိုက်နဲ့ အလုပ်လုပ်နေတဲ့သူက ခြောက်ထောင်လောက်ရှိတယ်။ ထိုင်းနိုင်ငံသား က သုံးထောင်စွန်းစွန်းရှိမယ်။အခြားနိုင်ငံသားကတော့ သုံးရာလေးရာလောက်ရှိမှာပေါ့။အခုချိန်ထိ သံသယ လူနာတစ်ယောက်မှမတွေ့သေးပါဘူး။” ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော် ကဆက်လက်ပြောကြားသည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်လည်း မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ရွှေမိုင်းယောင်း၊ ရွှေမြို့တော်၊ရွှေကျားဖြူ၊ရွှေရေကန်၊ရွှေတောင်ရိုး၊ရွှေဥဒေါင်း၊ဒို့ညီနောင်၊တက်နေဝန်းစသည့်အဝေးပြေးကားဂိတ်များ၊လက်ဖက်ရည်ဆိုင်များ၊စျေးဆိုင်များ၊ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် လေဆိပ်တို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဗီနိုင်းများကပ်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တရုတ်နယ်စပ်ရှိ နယ်စပ်ဝင်ပေါက် ထွက်ပေါက်များဖြစ်သည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊မန်ဝိန်းကြီးဂိတ်၊ကျင်းစန်းကျော့ဂိတ်၊မန်ဟီးရိုးဂိတ်၊ ကြူကုတ်(ပန်ဆိုင်း) ဂိတ်၊ နမ့်တောင်းဂိတ်၊ ရန်လုံကျိုင်းဂိတ်၊ချင်းရွှေဟော်ဂိတ်၊နမ့်တစ်ဖောင်ဆိပ်၊ပန်ဆန်းဂိတ်၊ထိုင်းနယ်စပ်ရှိ တာချီ လိတ် ဂိတ်(၁)နှင့် ဂိတ်(၂) ၊ဆီလူးဂိတ်၊မိုင်းဖျန်ဂိတ်၊မိုင်းယုဂိတ်၊ပုံပါကျင်ဂိတ်၊လာအိုနယ်စပ်ရှိ ဝမ်ပုံစက်လှေဂိတ်၊ ကျိုင်းလပ်ဂိတ် စသည့် နယ်စပ်ဂိတ်ပေါက်များတွင် ကျန်းမာရေးဝန်ထမ်းများက စက်ပစ္စည်းများဖြင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
