တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လာမည့် မြန်မာကျောင်းသား ကျောင်းသူ ၆၃ ဦးကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုရန် မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် နှစ်ပတ်စောင့်ကြည့်မည်ဖြစ်ပြီး ရောဂါသံသယ လက္ခဏာများဖြစ်လာပါက မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
“ ဝူဟန်ကပြန်လာမယ့် ကျောင်းသားတွေကို ခေါ်ယူပြီးရင် ကျွန်မတို့ ကျန်းမာရေးဝန်ကြီးဌာနက သူတို့ကို သီးခြားထားပြီး ရောဂါ စောင့်ကြပ်ကြည့်ရှုတာတွေ လုပ်မယ်။ အဲဒီကျောင်းသားတွေထဲမှာ ဖျားတယ်။ ချောင်းဆိုးတဲ့သူတွေ ပါလာရင်တော့ သံသယလူနာအဖြစ်နဲ့ မန္တလေးဆေးရုံကြီးမှာ ကုသဖို့ ပြင်ဆင်ထားပါတယ်။ လောလောဆယ် သူတို့တွေ ပြန်လာရင်ထားဖို့အတွက် မန္တလေးက ကန်တော်နဒီဆေးရုံမှာ သီးခြားထားရှိပြီး နှစ်ပတ်စောင့်ကြည့်မှာပါ” ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းထန်အဆုတ်ရောင် ရောဂါ စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တွင် ရောက်ရှိနေသော မြန်မာကျောင်းသား ကျောင်းသူများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ခေတ္တနေထိုင်ရန် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း၊ အဆိုပါဆေးရုံတွင် မြန်မာကျောင်းသားကျောင်းသူများကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်း ရှိ မရှိ နှစ်ပတ်ကြာ စောင့်ကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် စောင့်ကြပ် စစ်ဆေးနေစဉ်ကာလအတွင်း အဆိုပါကျောင်းသားများနှင့် ပြင်ပကလူများကို ထိတွေ့ဆက်ဆံမှု ကန့်သတ်ထားမည်ဖြစ်ကြောင်း သိရသည်။
စောင့်ကြည့်ကာလအတွင်း တစ်စုံတစ်ရာ ဖျားနာခြင်းများရှိပါက မန္တလေးပြည်သူ့ ဆေးရုံကြီးရှိ သီးခြားလူနာခန်းတွင် ဆေးကုသမှုခံယူနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူ ၆၃ ဦးကို အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား ၆၃ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အဆိုပါကျောင်းသားများအား ပြန်လည်ခေါ်ဆောင်ရန်အတွက် မြန်မာနိုင်ငံမှ လေယာဉ်ဝန်ထမ်း ကိုးဦး၊ လုံခြုံရေး နှစ်ဦးနှင့် ကျန်းမာရေးဝန်ထမ်း တစ်ဦး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၁ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းထားချက်အရ ကျောင်းသားများအား ပြန်လည်ခေါ်ဆောင်လာမည့် မန္တလေးလေဆိပ်၌ ဆင်းသက်မည်ဖြစ်ပြီး အဆိုပါကျောင်းသားများ ကန်တော်နဒီဆေးရုံ၌ ထားရှိရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရက အသင့်ပြင်ဆင်ထားကြောင်း သိရသည်။
ကျောင်းသားများအား ပြန်လည်ခေါ်ဆောင်လာသည့် လေယာဉ်ကို မန္တလေးတွင်သာ ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ ရန်ကုန်မြို့သို့ ပြန်လည်မောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာကျောင်းသားများကို ပြန်လည်ခေါ်ဆောင်မည့် မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် ဘိုးရင်းလေယာဉ်သည် ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီတွင် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
