လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း တရုတ်နိုင်ငံသူ/ သားများ အဝင်/အထွက် မရှိရန် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က တားမြစ်ထားကြောင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်၏ ပြောကြားချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁ ရက် နေ့လယ်ပိုင်းက ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှုးကြီး သန်းထွန်းအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုဝင်ကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ဆားလင်းကြီးမြိုု့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်နှင့် ဒေါက်တာသိန်းနိုင်၊ ကြေးနီစီမံကိန်းမှ တာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးမှုတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" စီမံကိန်းဧရိယာအတွင်းကို နောက်ထပ်တရုတ်နိုင်ငံကနေ လာမယ့်တရုတ်အမျိုးသား/အမျိုးတွေ အဝင်/ထွက်မရှိရေးအတွက် အစိုးရအဖွဲ့ကနေ တားမြစ်ထားပါပြီ။ Corona Virus ပိုးရဲ့ အခြေအနေကို စောင့်ကြည့်မယ်။ ဘယ်ရက်ကြမှသာ ပြန်လာပါဆိုပြီးတော့ ထုတ်ပြန်ထားမှာပါ။ ဒီနေ့အစည်းအဝေး ဆုံးဖြတ်အရ ကြေးနီစီမံကိန်းဧရိယာအတွင်း အဝင်/ထွက် လုံးဝမရှိအောင်လို့ တားမြစ်ခဲ့ပါပြီ " ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောမောင်က ပြောကြားသည်။
ဇန်နဝါရီ ၃၁ ရက် ညပိုင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ပြန်လည်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားကို ကျန်းမာရေးစစ်ဆေးရန် ၄င်းအား သီးခြားထားရှိသွားရေးနှင့် သတ်မှတ်ထားသည့်ရက်အထိ စောင့်ကြည့်သွားရေးအတွက် ယင်းအစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြကြောင်း ဦးစောမောင်က ဆက်လက်ပြောကြားသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း အလုပ်လုပ်နေသည့် အလုပ်သမားများသည် ဇန်နဝါရီလ ၃၁ ရက်နေ့ ညပိုင်းနှင့် ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းအထိ လုပ်ငန်းခွင်ကို ရပ်နားထားရာကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် လုပ်ငန်းခွင်သို့ ပြန်လည်လုပ်ကိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကနေ ဆုံးဖြတ်ချက်နှစ်ခုချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်နှစ်ခုသည် ကြေးနီစီမံကိန်း ဧရိယာအတွင်း တရုတ်နိုင်ငံမှ ရောက်ရှိလာမည့် တရုတ်နိုင်ငံသူ/သားများအား အဝင်/အထွက်မရှိစေရေး၊ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားအား ဆေးကုသမှုခံယူရန် သီးခြားထားရှိရေးတို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
