တရုတ်နိုင်ငံ ဟူနန်နယ်မှ မန္တလေးလေဆိပ်သို့ ဆိုက်ရောက်ပြီး လွိုင်ကော်မြို့သို့ ရောက်ရှိလာသော ခရီးသည်များထဲမှ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ နှစ်နှစ် နှစ်လ ကလေးငယ်အား မိဘနှစ်ပါးနှင့်အတူ အထူးစောင့် ကြည့်နေပြီး စိုးရိမ်စရာမရှိကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် လွိုင်ကော်ဆေးရုံကြီးကလေး ကုသဆောင် တာဝန်ခံဆရာဝန်ကြီးဒေါက်တာနီနီသန်းက ပြောကြားသည် ။
“နှစ်နှစ်နဲ့ နှစ်လ ကလေးလေးပေါ့ သူက မနေ့က ၁ နာရီကျော်ကျော်လောက်က မနက် အစောကြီးပေါ့ အချိန်လောက်ကရောက်လာ ပါတယ်။ ကလေးကချောင်းဆိုးနေတာ လေး ငါးရက်ပေါ့။ ဖျားတာကတော့ မနေ့ကမနက်က စဖျားပြီး နှစ်ရက်မြောက်ပေါ့နော် ။ နှစ်ရက်မြောက်မှာ ရောက်လာပါတယ် ။ကလေး ရဲ့အခြေအနေလေးကတော့ လန်းလန်းဆန်းဆန်းလေးပါပဲ။ ဓာတ်မှန်မှာလည်းကောင်းပါတယ်။ နောက်ပြီးတော့ အဖျားလေးကလည်း အငွေ့လေးပဲရှိတယ်ပေါ့ ။ အသက်ရှူကြပ်တယ်။ လက္ခဏာလေးတွေလည်းမရှိပါဘူး ။ ကလေးငယ်လေးကိုတော့ ဆရာမတို့ကတော့ သောက်ဆေးလေးနဲ့ စောင့်ကြည့်နေပါတယ်။ သူ့ရဲ့သီးသန့်ခန်းထဲမှာ သူက တရုတ်ပြည်က ပြန်လာတာဆိုတော့လေ ခုမှပြန်လာပြီးတော့ မှ လေယာဉ်ကွင်းမှာတွေ့ပြီးတော့မှ အဖျား တွေ့ပြီးမှ တွေ့သွားတာဆိုတော့လေ။ သီး သန့်ခန်းလေးထဲထည့်ထားပြီးတော့ စောင့် ရှောက်ကြည့်နေတယ်။ ကလေးက ရွှင်ရွှင် လန်းလန်းလေးပါပဲ။ အစားတွေလည်းစား ပါတယ်” ဟုဒေါက်တာနီနီသန်းက ပြောကြား သည် ။
ယာဉ်မောင်း ကိုရန်ကော မောင်းနှင်သော ယာဉ်အမှတ် YGN/7H - - - - Mitisubishi Ouglander အဖြူရောင်ယာဉ်ဖြင့် တောင်ကြီး-ဆီဆိုင်-လွိုင်ကော်လမ်းကြောင်း အတိုင်း မိသားစုသုံးဦးမှာပြန်လည် ရောက်ရှိ လာကြပြီး တာဝန်ကျရဲတပ်ဖွဲ့ ဝင်များမှ လွိုင်ကော်ဆေးရုံသို့ သွားရောက်ပို့ဆောင်ပေးခဲ့ ကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။
လက်ရှိတွင် ကလေးငယ်အားလိုအပ်သည့် ကုသမှုများပေးနေသည့်အပြင် ကလေး ငယ်၏ နှာရည်နှင့်သလိပ်များအား ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးနေသဖြင့် ကလေးငယ်နှင့်မိဘနှစ်ပါး အားလည်း ဆေးရုံဝင်းအတွင်းရှိ Isolation Ward တွင် စောင့်ကြည့်ကုသပေးနေမည် ဖြစ်ကြောင်း သိရသည် ။
ဇန်နဝါရီ ၃၁ ရက် နံနက် ၈ နာရီကျော် တွင် တရုတ်နိုင်ငံ ကူမင်းလေဆိပ်မှ မန္တလေး တံတားဦးလေဆိပ်သို့ ရောက်ရှိလာသည့်ခရီး သည်များအနက် နှစ်နှစ်နှစ်လအရွယ်ကလေး ငယ်တစ်ဦး ချောင်းဆိုးဖျားနာသည့်အတွက် ခုတင် ၅၅၀ ကလေးဆေးရုံသို့ သီးသန့်စစ်ဆေး ရန်စေလွှတ်ခဲ့သည်ဟု သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်ဟုသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
