ဗီယန်ကျင်း၊နိုဝင်ဘာ ၁
လာအိုသည် တရုတ် – လာအို ရထားလမ်းမှတစ်ဆင့်စိုက်ပျိုးရေး ထုတ်ကုန်များကိုတရုတ်သို့ ပိုမိုတင်ပို့ကာ ရေရှည် တည်တံ့ ခိုင်မြဲသည့် စိုက်ပျိုး ထုတ်လပ်မှုကို မြှင့်တင်ရန် လယ်သမားများနှင့်ထုတ်လုပ်သူများကို တိုက်တွန်းလျက်ရှိကြောင်းသိရသည်။
“တရုတ်စားသုံးသူတွေရဲ့ ဝယ်လိုအားမြင့်တက်လာတာကြောင့် လာအိုက ဒူးရင်းသီး စိုက်ပျိုးရေးလုပ်ငန်းကို တရုတ်လုပ်ငန်းရှင်တချို့က စိတ်ဝင်စားနေကြပါတယ်၊ပြီးတော့ တရုတ်လူမျိုးတွေက ဒူးရင်းသီး ဘယ်လောက်တောင် ကြိုက်လည်း ဆိုတာ ကျွန်တော်သိတယ်လေ၊ ဒါက ရွှေ အခွင့်အရေးပဲ ကျွန်တော်တို့နိုင်ငံအနေနဲ့ တရုတ်ဈေးကွက်ကနေ အကျိုးအမြတ်ရဖို့က” ဟုလည်း လာအိုမြို့တော်ရှိသစ်သီးရောင်းချသူတစ်ဦးက ရှင်းဟွာသတင်းဌာနကို ပြောကြားခဲ့သည်။
“လာအိုက သဘာဝသယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးဖို့ သင့်တော်တဲ့မြေတွေရှိပါတယ်၊တကယ်တော့ လာအိုက တရုတ်နိုင်ငံအတွက် ဒူးရင်းသီး ကို တင်ပို့ရောင်းချသူဖြစ်လာ နိုင်မယ်လို့ထင်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။
တရုတ်စီးပွားရေးသမားများနှင့်လာအိုကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံ ဆွေးနွေးကာ လာအိုမှ တရုပ်သို့ ဒူးရင်းသီး တင်ပို့ရေး အလားအလာများကို ရှာဖွေခဲ့ကြသည်။
နှစ်နိုင်ငံအစိုးရများသည် လာအိုထုတ်ကုန်များကို တရုတ်နိုင်ငံဈေးကွက်ကြီးများသို့ ပို့ဆောင်နိုင်စေရန်အတွက် တရုပ်-လာအို ရထားလမ်း ကဲ့သို့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာရင်းနှီးမြုပ်နှံထားကြောင်းလပြောကြားခဲ့ကြသည်။
တရုတ်-လာအိုရထားလမ်းကဲ့သို့သော အခြေခံအဆောက်အဦများသည် ပို့ကုန် တိုးမြှင့်တင်ပို့ရေးအတွက် အရေးပါပြီး လာအိုလယ်သမားများက ထုတ်ကုန်အရည်အသွေးကို ကောင်းစွာ စီမံခန့်ခွဲလျှက် ပို့ကုန် အရည်အသွေးကို ထိန်းချုပ်ရန်လိုအပ်သည်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
