ယခုလတွင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။
တောင်ကြီး တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ၇ ရက်ကြာ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊အဆိုပါ တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကာ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများအကြား သုံးနှစ်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးပုံးပျံပွဲတော်ကို ယမန်နှစ် ၂၀၂၃ ခုနှစ်မှစ တင်ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသလို ပြည်ပ ခရီးသွားများပါ စိတ်ဝင်စားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးဆိုင်များ၊ ရက်ကန်းပြိုင်ပွဲနှင့် တေးဂီတဖျာ်ဖြေပွဲများထည့်သွင်းသွားမည့်အပြင် ရောင်စုံဓာတ်ပုံပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
