ရောမ၊နိုဝင်ဘာ ၁
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံ၌ စားနပ်ရိက္ခာမလုံလောက်မှု သည် ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီနှစ်ခုက ထုတ်ပြန်သည့် အစီရင်ခံစာတွင်သတိပေးထားသည်။
၎င်းနိုင်ငံများအနက် ဆူဒန်၊ပါလက်စတိုင်း၊တောင်ဆူဒန်၊ ဟေတီနှင့် မာလီတို့သည် စိုးရိမ်စရာအဆင့် အမြင့်ဆုံးတွင်ရှိပြီး အရေးပေါ် စောင့်ရှောက်ရမည့်နိုင်ငံများလည်းဖြစ်ကြောင်း စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့၏ပူးတွဲကြေငြာချက်၌သတိပေးထားသည်။
သူတို့၏နောက်၌ ချဒ်၊လက်ဘနွန်၊မြန်မာ၊မိုဇမ်ဘစ်၊နိုင်ဂျီးရီးယား၊ဆီးရီးယားနှင့်ယီမင်တို့သည် အလွန်စိုးရိမ်ဖွယ်ကောင်းသော နိုင်ငံများအဖြစ်သတ်မှတ်ခံရကာ ကျန် ၁၀ နိုင်ငံဖြစ်သည့် ကင်ညာ၊လီဆိုသို၊နမ်မီဘီးယား၊နိုင်ဂျာ၊ဘာကီနာဖာဆို၊အီသီယိုးပီးယားနှင့် ဇင်ဘာဘွေတို့ကိုမူ ငတ်မွတ် ခေါင်းပါးမှု နှင့်ကြုံနေရသည့် နိုင်ငံများများအဖြစ်သတ်မှတ်ခဲ့ကြသည်။
ယခုကဲ့သို့ စားနပ်ရိက္ခာမဖူလုံမှုသည် သက်ဆိုင်ရာနိုင်ငံများ၏ ပဋိပက္ခ၊ရာသီဥတုနှင့် စီးပွားရေးမတည်ငြိမ်မှု နှင့် မညီမျှမှုများကြောင့်ဖြစ်ကာ တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသောအချက်များက အခြေအနေကို ပိုဆိုးအောင်တွန်းပို့နေခြင်းဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။
ပဋိပက္ခနှင့်လက်နက်ကိုင်အကြမ်းဖက်မှုများကငတ်မွတ်ခေါင်းပါးမှု၏ အဓိကအကြောင်းရင်းများဖြစ်ကာယင်းပြဿနာများကြောင့် စားနပ်ရိက္ခာစနစ်များပျက်စီးခြင်း၊လူအများ အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို လက်လှမ်းမီ ရရှိခွင့်ကို ဟန့်တားခြင်းများကြောင့် ပိုဆိုးလာသည်ဟုလည်း အေဂျင်စီနှစ်ခုကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
