လီဗာပူးလ်တိုက်စစ်ကစားသမား မာနေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်မည်ဆိုလျှှင်လည်း မိမိအနေဖြင့် လက်ခံနိုင်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်တိုက်စစ်ကစားသမား မာနေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လွဲချော်မည်ဆိုလျှှင်လည်း မိမိအနေဖြင့် လက်ခံနိုင်ကြောင်း ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၈၂)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေပြီး ဒုတိယနေရာမှ(ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့်) မန်စီးတီးအသင်း (၅၇ မှတ်)ကို (၂၅)မှတ်အထိ ဖြတ်ထားသည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် (၉)ပွဲသာ လိုအပ်တော့ပြီး လီဗာပူးလ်အသင်းအနေဖြင့် နှစ်ပေါင်း (၃၀)ကြာ စောင့်ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ဖလားကို ရယူရန် သေချာသလောက်ဖြစ်နေသည်။
သို့သော် ကမ္ဘာအနှံ့တွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဘောလုံးပြိုင်ပွဲများကို ရပ်နားထားရပြီး ယခုရာသီ ပရီးမီးယားလိဂ်မှာလည်း ပြီးဆုံးအောင် ကျင်းပနိုင်ရန် မသေချာသည့် အနေအထားတွင် ရှိနေသည်။
UEFA အပါအဝင် ဥရောပထိပ်တန်းလိဂ်အဖွဲ့ချုပ်များမှ တာဝန်ရှိသူများက ယခုရာသီ လိဂ်ပြိုင်ပွဲများကို ပြီးဆုံးအောင် ကျင်းပနိုင်မည်ဟု ယုံကြည်နေကြသော်လည်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ဥက္ကဋ္ဌ ဂရက်ကလက်ခ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းရနိုင်သည်ဟု ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပြီးဆုံးအောင် ကစားနိုင်မည်ဆိုပါက ချန်ပီယံဆုကို ရရှိရန် သေချာသလောက်ရှိနေသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းပြီး ချန်ပီယံဆုနှင့်လွဲချော်မည်ဆိုပါကလည်း မိမိအနေဖြင့် နားလည်ကြောင်း မာနေက ပြောကြားခဲ့ခြင်းဖြစ်သည်။
မာနေက "ကျွန်တော် ဘောလုံးပွဲတွေ နိုင်ချင်တယ်။ ချန်ပီယံဆုတွေ လိုချင်တယ်။ ဒါကို ကျွန်တော် အရမ်းကြိုက်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေမျိုးမှာ ဘာပဲဖြစ်ဖြစ် ကျွန်တော် နားလည်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လီဗာပူးလ်အသင်းကို အခက်တွေ့စေပါတယ်။ ဒါပေမဲ့ အခုအချိန် ကမ္ဘာအနှံ့မှာ လူတွေ သန်းနဲ့ချီပြီး ဒုက္ခရောက်နေကြတယ်။ အဲဒီဒုက္ခ၊ အဲဒီအခက်အခဲက လီဗာပူးလ်အသင်းရဲ့ အခက်အခဲထက် ပိုကြီးမားပါတယ်။ တချို့လူတွေက သူတို့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတယ်။ ဒီအခြေအနေက အရမ်းကို ရှုပ်ထွေးပါတယ်။ ကျွန်တော် တစ်ဦးတည်းရဲ့ဆန္ဒအရဆိုရင်တော့ လီဗာပူးလ်အသင်းနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လိုချင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုဖြစ်မလာခဲ့ဘူးဆိုရင်လည်း ကျွန်တော် လက်ခံမှာပါ။ ဘဝဆိုတာ ဒါမျိုးပါပဲ။ နောက်ရာသီတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့ မျှော်လင့်ရတာပေါ့"ဟု ပြောကြားခဲ့သည်။
မာနေသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် (၂၆)ပွဲကစားရာ၌ (၁၄)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၇)ကြိမ် ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
