ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL) အမှုဆောင်ချုပ် ဆီဖတ်က ဘွန်ဒစ်လီဂါပွဲစဉ်များကို ၂၀၂၁ ခုနှစ်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျာမန်ဘောလုံးလိဂ်အဖွဲ့ချုပ် (DFL) အမှုဆောင်ချုပ် ဆီဖတ်က ဘွန်ဒစ်လီဂါပွဲစဉ်များကို ၂၀၂၁ ခုနှစ်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် အခြေအနေကို စောင့်ကြည့်နေရဆဲဖြစ်ပြီး ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပြိုင်ပွဲဝင်အသင်းများမှာ အသင်းလိုက်လေ့ကျင့်မှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ရပ်တန့်ထားရပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ပြန်လည်ကစားရန် စီစဉ်နေကြောင်း သိရသည်။
DFL အမှုဆောင်ချုပ် ဆီဖတ်က New York Times နှင့် ပြုလုပ်သည့်အင်တာဗျူးတွင် မိမိတို့အနေဖြင့် မေလအစောပိုင်းတွင် ဘွန်ဒစ်လီဂါနှင့် ဘွန်ဒစ်လီဂါ-၂ ပွဲစဉ်များကို ပြန်လည်ကစားရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။
ဆီဖတ်က "ဂျာမန်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေမှာ ဘောလုံးပြိုင်ပွဲတွေကလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ အားလုံးပုံမှန်ဖြစ်သွားပြီဆိုရင်တော့ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်ကစားမှာပါ။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်အထိ ဘွန်ဒစ်လီဂါပွဲစဉ်တွေမှာရော၊ ဘွန်ဒစ်လီဂါ-၂ ပွဲစဉ်တွေမှာပါ ကွင်းအတွင်း ပရိသတ်တွေ ကြည့်ရှုနိုင်မှာ မဟုတ်ဘဲ ကွင်းပိတ်ကစားရမယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆီဖတ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာလည်း ပြိုလဲသွားနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
