မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ငွေသုံးရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မိမိတို့အနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ငွေသုံးရန်အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အသင်းအများစုမှာ ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်း၏ ဘဏ္ဍာရေးမှာ ကောင်းမွန်လျက်ရှိပြီး အသင်းဝန်ထမ်းအားလုံးကို လစာအပြည့်ပေးချေသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားအပြောင်းအရွှေ့စျေးကွက်မှာ ပြောင်းလဲသွားဖွယ်ရှိသည်ဟု မီဒီယာများက သုံးသပ်နေကြသော်လည်း မန်ယူနည်းပြ ဆိုးလ်ရှားက မိမိအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ထိပ်တန်းအပြောင်းအရွှေ့များကို ပြုလုပ်သွားရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက "သိပ်မကြာခင်မှာ ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်ကစားနိုင်ပါလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ အသင့်ဖြစ်နေဖို့ အရေးကြီးပါတယ်။ ကျွန်တာ်တို့အနေနဲ့ အခုအချိန်မှာ ပြင်ဆင်ခွင့်အတွက် အချိန်တွေ ရနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကစားသမားအပြောင်းအရွှေ့စျေးကွက်ဘယ်လိုဖြစ်လာမလဲ။ ဘယ်အသင်းတွေက ကစားသမားတွေ ရောင်းမလဲဆိုတာ မသိနိုင်သေးပါဘူး။ ဒါပေမဲ့ သေချာတစ်ခုကတော့ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ မန်ယူအသင်းအနေနဲ့ ထိပ်တန်းအပြောင်းအရွှေ့တွေကို ပြုလုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာပါပဲ။ ကျွန်တော့်တို့အသင်းရဲ့ ဘဏ္ဍာရေးဟာ ကောင်းမွန်ပြီး အပြောင်းအရွှေ့စျေးကွက်မှာ လိုချင်တဲ့ကစားသမားတွေကို ခေါ်ယူနိုင်စွမ်းရှိပါတယ်"ဟု Sky Sports သို့ ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ အက်စတွန်ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်နှင့် စပါးတိုက်စစ်မှူး ဟာရီကန်းတို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
