ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မူလာက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရပ်နားထားရသည့် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား မူလာက ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရပ်နားထားရသည့် ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြီးဆုံးအောင် ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာအနှံ့တွင် ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘွန်ဒစ်လီဂါပြိုင်ပွဲကို ရပ်နားထားရပြီး အနည်းဆုံး ဧပြီလ (၃၀)ရက်နေ့အထိ ရွှေ့ဆိုင်းထားသည်။
သို့သော် မူလာက ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြီးဆုံးအောင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် မိမိအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြုံတွေ့ရသည့်အခက်အခဲများကို တွန်းအားအဖြစ် အသုံးချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မူလာက "ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲကို ပြန်လည်ကစားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ရှိဘောလုံးရာသီကို အောင်မြင်စွာကစားနိုင်မှာပါ။ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ကျွန်တော့်အနေနဲ့ ဘောလုံးပွဲတွေ ပြန်ကစားတဲ့အခါ တွန်းအားအဖြစ် အသုံးချသွားမှာပါ"ဟု ပြောကြားခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဂျာမန်တိုက်စစ်ကစားသမား မူလာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အသင်းနှင့်အတူ အောင်မြင်မှုများ ဆက်လက်ရယူသွားမည်ဟုလည်း ပြောကြားခဲ့သည်။
မူလာသည် ဘိုင်ယန်မြူးနစ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၃၆)ပွဲတွင် (၁၀)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၉)ကြိမ်အထိ ပြုလုပ်ပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
