မန်ယူဝါရင့်ကွင်းလယ်လူ မာတာက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီကြရန် ဘောလုံးသမားများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
မန်ယူဝါရင့်ကွင်းလယ်လူ မာတာက ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီကြရန် ဘောလုံးသမားများကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပေါ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ လက်ရှိတွင် ကမ္ဘာအနှံ့ ပျံ့နှံ့နေပြီး ဧပြီလ (၈)ရက်အထိ သေဆုံးသူ (၈၃၀၀၀) နီးပါး ရှိပြီဖြစ်ကြောင်း သိရသည်။
အသက် (၃၁)နှစ်အရွယ်ရှိ စပိန်ဝါရင့်ကွင်းလယ်လူ မာတာသည် ၎င်း၏ လစာငွေ (၁)ရာခိုင်နှုန်းကို လှူဒါန်းကာ Common Goal ဟု အမည်ရသည့် ရန်ပုံငွေတစ်ရပ်ကို ထူထောင်ထားသူဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ကစားသမားများအနေဖြင့် ပါဝင်ကူညီကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
မာတာက "ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကစားသမားတွေ၊ ဘောလုံးအဖွဲ့အစည်းခေါင်းဆောင်တွေ လှူဒါန်းနေကြတာတွေကို မြင်ရတာ အင်မတန်ပီတိဖြစ်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လိုအပ်သူတွေကို ကူညီနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုရင်ဆိုင်နေရတဲ့ ကပ်ရောဂါဆိုးကို ကျော်ဖြတ်နိုင်ဖို့အတွက် တစ်ဦးချင်းလုပ်ဆောင်မှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ အများကြီး လိုအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ Common Goal အဖွဲ့ဝင် သူငယ်ချင်းတွေကိုရော၊ တခြားဘောလုံးသမားတွေ၊ ခေါင်းဆောင်တွေကိုပါ ဒီအခက်အခဲမှာ ပါဝင်ကူညီကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ အတူတကွလက်တွဲပြီး ဒီကပ်ရောဂါဆိုးကို ကျော်ဖြတ်နိုင်မှာပါ"ဟု ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် မတ်လကတည်းက ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများကို ရပ်နားထားရပြီး ကလပ်အသင်းအများစုမှာ ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)နှင့် ဥရောပထိပ်တန်းလိဂ် တာဝန်ရှိသူများသည် ယခုရာသီ လိဂ်ပြိုင်ပွဲများကို မေလနောက်ဆုံးပတ် သို့မဟုတ် ဇွန်လအစောပိုင်းတွင် ပြန်လည်ကစားရန် ပစ်မှတ်ထားနေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
