ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် အင်တာမီလန်အသင်းထံမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီအား ယူရိုသန်း (၇၀)ဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Corriere dello Sport က ဖော်ပြခဲ့သည်။
ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် အင်တာမီလန်အသင်းထံမှ တစ်ရာသီအငှားဖြင့် ခေါ်ယူထားသည့် အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီအား ယူရိုသန်း (၇၀)ဖြင့် အပြီးသတ်ခေါ်ယူရန် စီစဉ်နေကြောင်း အီတလီအားကစားသတင်းစာ Corriere dello Sport က ဖော်ပြခဲ့သည်။
PSG အသင်းသည် အသက် (၂၇)နှစ်အရွယ်ရှိ အင်တာမီလန်တိုက်စစ်မှူး အီကာဒီအား ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် တစ်ရာသီအငှားဖြင့် ခေါ်ယူခဲ့ပြီး ယင်းအငှားစာချုပ်တွင် ယူရိုသန်း (၇၀)ဖြင့် အပြီးသတ်ခေါ်ယူခွင့်ရှိသည်ဆိုသောအချက် ပါဝင်ကြောင်း သိရသည်။
Corriere Dello Sport ၏ ဖော်ပြမှုအရ PSG အသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည့် ကာဗာနီ၏နေရာတွင် အစားထိုးရန် အီကာဒီအား အပြီးသတ်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီမှာ ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းပြောင်းရွှေ့မည်ဖြစ်သလို၊ အခြားတိုက်စစ်ကစားသမားတစ်ဦးဖြစ်သည့် နေမာမှာလည်း အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
ထို့ကြောင့် PSG အသင်းသည် အီကာဒီကို အပြီးသတ်ခေါ်ယူရန် ယူရိုသန်း (၇၀)ဖြင့် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
အီကာဒီသည် PSG အသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၃၇)ပွဲတွင် (၁၇)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
