မန်ယူအသင်းတောင်ပံကစားသမား ဆန်းချက်ဇ်သည် အသင်းတွင် တစ်ပတ်လစာ ပေါင် (၄)သိန်းအထိ ရရှိသူဖြစ်ပြီး ယင်းလစာကို လျှော့မယူလိုသည့်အတွက် မန်ယူအသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
မန်ယူအသင်းတောင်ပံကစားသမား ဆန်းချက်ဇ်သည် အသင်းတွင် တစ်ပတ်လစာ ပေါင် (၄)သိန်းအထိ ရရှိသူဖြစ်ပြီး ယင်းလစာကို လျှော့မယူလိုသည့်အတွက် မန်ယူအသင်းတွင် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ ချီလီဝါရင့်တောင်ပံကစားသမား ဆန်းချက်ဇ်သည် ၂၀၁၈ ခုနှစ်တွင် အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
ဆန်းချက်ဇ်သည် မန်ယူအသင်းတွင် ခြေစွမ်းပြရန်ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် မန်ယူအသင်းက ၎င်းကို အင်တာမီလန်အသင်းသို့ တစ်ရာသီအငှားချခဲ့သည်။
မန်ယူအသင်းသည် ဆန်းချက်ဇ်အား တစ်ပတ်လစာ ပေါင် (၄)သိန်းအထိ ပေးချေနေရခြင်းကို စိတ်ပျက်နေပြီး ၎င်းအား ရောင်းထုတ်ရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
သို့သော် ဆန်းချက်ဇ်၏ လစာငွေမြင့်မားမှုကြောင့် ၎င်းအား ခေါ်ယူမည့်အသင်းမရှိသလို၊ ဆန်းချက်ဇ်ကိုယ်တိုင်ကလည်း အခြားအသင်းသို့ ပြောင်းရွှေ့ပါက မန်ယူအသင်းတွင် ရရှိနေသည့် လစာမျိုးရရှိမည်မဟုတ်သည့်အတွက် အသင်းမှထွက်ခွာရန် မရှိကြောင်း သိရသည်။
မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ဆန်းချက်ဇ်၏ စာချုပ်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင်မှ ကုန်ဆုံးမည်ဖြစ်ပြီး ဆန်းချက်ဇ်သည် စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ မန်ယူအသင်းတွင် ဆက်ရှိနေရန်သေချာကြောင်း ESPN က ဖော်ပြခဲ့သည်။
ဆန်းချက်ဇ်သည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၅)ဂိုးသွင်းယူနိုင်ခဲ့သလို၊ အငှားသွားရောက်ကစားနေသည့် အင်တာမီလန်အသင်းတွင်လည်း ယခုရာသီပြိုင်ပွဲစုံ (၁၅)ပွဲတွင် (၁)ဂိုးသာ သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
