လာလီဂါအဖွဲ့ချုပ် (LFP) ဥက္ကဋ္ဌ တီဘက်စ်က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရပ်နားထားရသည့် ယခုရာသီလာလီဂါပွဲစဉ်များကို ကွင်းပိတ်ကစားမည်ဆိုပါက ယူရိုသန်း (၃၅၀)နစ်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လာလီဂါအဖွဲ့ချုပ် (LFP) ဥက္ကဋ္ဌ တီဘက်စ်က ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရပ်နားထားရသည့် ယခုရာသီလာလီဂါပွဲစဉ်များကို ကွင်းပိတ်ကစားမည်ဆိုပါက ယူရိုသန်း (၃၅၀)နစ်နာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားနေမှုကြောင့် လာလီဂါပြိုင်ပွဲကို မတ်လအစောပိုင်းကတည်းက ရွှေ့ဆိုင်းထားရပြီး လက်ရှိတွင် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်။
သို့သော် တီဘက်စ်က ယခုရာသီ လာလီဂါပြိုင်ပွဲကို ပြီးဆုံးအောင် ကစားနိုင်မည်ဟု ယုံကြည်ကြောင်း အီတလီအားကစားသတင်းစာ La Gazzetta dello Sport နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
တီဘက်စ်က "ကျွန်တော်တို့အနေနဲ့ ဒီရာသီကို ပြီးဆုံးအောင် ကျင်းပချင်ပါတယ်။ မတတ်သာတဲ့အဆုံး လာလီဂါပွဲစဉ်တွေကို ကွင်းပိတ်ကစားမျိုးတွေ ရှိလာနိုင်ပါတယ်။ တကယ်လို့ ဒီရာသီကို ဖျက်သိမ်းလိုက်ရမယ်ဆိုရင် နစ်နာမှုက အရမ်းကြီးမားလိမ့်မယ်။ ရာသီလက်ကျန်ပွဲစဉ်တွေ အားလုံးကို ကွင်းပိတ်ကစားမယ်ဆိုရင် ကျွန်တော်တို့ ယူရိုသန်း (၃၅၀) ဆုံးရှုံးမှာဖြစ်ပြီး ပုံမှန်အတိုင်း ပရိသတ်တွေ ကွင်းအတွင်း လာကြည့်မယ်ဆိုရင်တောင် ကျွန်တော်တို့ ယူရိုသန်း (၁၅၀) လောက် နစ်နာမှာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် တီဘက်စ်က ယခုရာသီ လာလီဂါပြိုင်ပွဲကို မေလ (၂၈)ရက်၊ ဇွန်လ (၆) ရက် သို့မဟုတ် ဇွန်လ (၂၈) ရက်တွင် ပြန်လည်ကစားရန် စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့အနေနဲ့ လာလီဂါအပါအဝင် ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေကို မေလ (၂၈)ရက် ဒါမှမဟုတ် ဇွန်လ (၆)ရက်မှာ ပြန်လည်ကစားဖို့ တွေးထားပါတယ်။ ဒါမှအဆင်မပြေသေးဘူးဆိုရင်တော့ ဇွန်လ (၂၈)ရက်နေ့ ပြန်စပါမယ်။ မေလ (၂၈)ရက်မှာ စတင်နိုင်မယ်ဆိုရင် ချန်ပီယံလိဂ်က ဇူလိုင်လ ပြန်ကစားပါလိမ့်မယ်။ တကယ်လို့ ဇွန်လ (၆)ရက်မှ ပြန်စနိုင်မယ်ဆိုရင်တော့ ရာသီသိမ်းချိန်က ဇူလိုင်လ (၃၁)ရက်နေ့ ဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ အခြေအနေမကောင်းဘဲ ဇွန်လ (၂၈)ရက်မှ ပြန်စနိုင်မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို သြဂုတ်လမှာပဲ ကျင်းပနိုင်ပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
