လီဗာပူးလ်အသင်းသည် အစိုးရထံမှ အကူအညီရယူပြီး ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) အချို့အတွက် လစာပေးချေမည့်အစီအစဉ်မှာ ဝေဖန်မှုများရှိလာခဲ့သောကြောင့် ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းပရိသတ်များကို တောင်းပန်ခဲ့သည်။
လီဗာပူးလ်အသင်းသည် အစိုးရထံမှ အကူအညီရယူပြီး ပွဲကစားခြင်းနှင့်မဆိုင်သည့်ဝန်ထမ်း(Non-playing Staff) အချို့အတွက် လစာပေးချေမည့်အစီအစဉ်မှာ ဝေဖန်မှုများရှိလာခဲ့သောကြောင့် ဆုံးဖြတ်ချက်အား ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းပရိသတ်များကို တောင်းပန်ခဲ့သည်။
"ကျွန်တော်တို့ဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုကို ပြီးခဲ့တဲ့အပတ်က ချမှတ်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီအတွက် အမှန်တကယ်ပဲ တောင်းပန်လိုပါတယ်။ ဝန်ထမ်းတွေကို လစာပေးချေဖို့အတွက် တခြားနည်းလမ်းတွေကို ရွေးချယ်ခဲ့ပါတယ်"ဟု လီဗာပူးလ်အသင်းအမှုဆောင်ချုပ် ပီတာမိုးက ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ကလပ်အသင်းအချို့သည် ၎င်းတို့ ၏ကလပ်အသင်းမှ ကစားသမား/နည်းပြအဖွဲ့ဝင် မဟုတ်သည့်ဝန်ထမ်းများအား လစာငွေဆက်လက် ပေးချေမှုအတွက် ဗြိတိန်အစိုးရ၏အကူအညီ (Coronavirus Job Retention Scheme) ကိုရယူ၍ ဝေဖန်ပြစ်တင်မှုများခံနေရချိန်တွင် ဗြိတိန်၌ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းက ၎င်းတို့အသင်းမှဝန်ထမ်းများအတွက် အစိုးရ၏ အကူအညီကို ပထမဆုံးရယူခဲ့ပြီး ယင်းနောက် စပါး၊ ဘုန်းမောက်၊ နောဝစ်ချ်အသင်းများကလည်း အစီအစဉ်ကို ဆက်လက်ရယူခဲ့သည်။
ပြီးခဲ့သည့်စနေနေ့က အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်နေသော လီဗာပူးလ်အသင်းမှာ ၎င်းတို့အသင်းမှ ဝန်ထမ်း (၂ဝဝ) ကျော်အတွက် အစိုးရ၏ အကူအညီကို ရယူခဲ့ရာ အများဝေဖန်စရာဖြစ်ခဲ့ပြီး ကစားသမားဟောင်းများအပါအဝင် ဗြိတိန်မီဒီယာများက ဝေဖန်ခဲ့သဖြင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ရသည်။
■ Coronavirus Job Retention Scheme အကြောင်း သိကောင်းစရာ
- အချို့သောလုပ်ငန်းများမှာ ဝန်ထမ်းများကို လစာငွေဆက်လက်ပေးချေနိုင်သော်လည်း အချို့မှာမူ ဆက်လက်ပေးချေနိုင်ခြင်းမရှိသဖြင့် ဗြိတိန်အစိုးရက ဝင်ရောက်ကူညီပေးရသည်။
- ယင်းအစီအစဉ်ကို Coronavirus Job Retention Scheme ဟုခေါ်ဆိုပြီး အစိုးရအနေဖြင့် အခွန်ပုံမှန်ပေးဆောင်နေသော ဝန်ထမ်းများအား လက်ရှိလစာငွေ၏ (၈၀) ရာခိုင်နှုန်းကို စိုက်ထုတ်ပေးခြင်း ဖြစ်သည်။
- ယင်းဝန်ထမ်းများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အန္တရာယ်မရှိသည့်နေရာများ၌ ပါဝင်ကူညီသွားရမည်ဖြစ်သည်။
- ပရီးမီးယားလိဂ်တွင် ကလပ်အသင်းအချို့မှာ ဝန်ထမ်းများအတွက် အစိုးရထံမှ လစာငွေ ရာခိုင်နှုန်း (၈၀) ကိုရယူကာ ၎င်းတို့မှ ကျန်ရာခိုင်နှုန်း (၂၀) ကို ပေးချေမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
