COVID-19 ကြောင့် ပြိုင်ပွဲရပ်နားထားစဉ်အတွင်း စီးရီးအေကလပ်အသင်း (၁၉)သင်းမှ ကစားသမားများနှင့် နည်းပြအဖွဲ့ ဝင်များအနေဖြင့် လစာလျှော့ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
COVID-19 ကြောင့် ပြိုင်ပွဲရပ်နားထားစဉ်အတွင်း စီးရီးအေကလပ်အသင်း (၁၉)သင်းမှ ကစားသမားများနှင့် နည်းပြအဖွဲ့ ဝင်များအနေဖြင့် လစာလျှော့ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
ယင်းသို့သဘောတူညီမှုရယူရာ၌ မဲခွဲဆုံးဖြတ်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှလွဲ၍ ကျန် (၁၉) သင်းက ထောက်ခံခဲ့သည်။
သို့သော် ဂျူဗင်တပ်စ်အသင်းမှကစားသမားများမှာ လစာ(၄)လစာ မယူရန် ဆုံးဖြတ်ထားပြီးဖြစ်ပြီး ယင်း (၄)လစာအတွက် အသင်းမှာ ယူရိုသန်း (၉၀) ဝန်းကျင် သက်သာသွားဖွယ်ရှိသည်။
စီးရီးအေကလပ်အသင်းများသည် အီတလီပရော်ဖက်ရှင်နယ်ကစားသမားများအစည်းအရုံး (AIC)နှင့် ဆွေးနွေးရာတွင် လစာငွေလျှော့ယူမှုနှင့်ပတ်သက်ပြီး တိကျခိုင်မာသည့် သဘောတူညီချက်မရရှိခြင်းကြောင့် ဧပြီလ (၆) ရက်က အရေးပေါ်ဗီဒီယိုကွန်ဖရင့်တစ်ခု ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။
အဆိုပါသဘောတူညီချက်အရ စီးရီးအေအသင်း (၁၉) သင်းမှ ကစားသမားများအနေဖြင့် စီးရီးအေဘောလုံးရာသီ ပြန်လည်စတင်ဖြစ်လျှင် လစာငွေ၏ (၆)ပုံ (၁)ပုံသာ လျှော့ချခံရဖွယ်ရှိပြီး ယခုဘောလုံးရာသီမှာ အပြီးဖျက်သိမ်းခဲ့လျှင် (၃)ပုံ (၁)ပုံအထိ ဖြတ်တောက်ခံရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
