Top News

ဘာစီလိုနာသို့ပြန်ရန် နေမာ ပြင်ဆင်နေပြီး ယင်းအပြောင်းအရွှေ့ကို PSG အသင်း လက်ခံဖွယ်ရှိဟု AS သတင်းစာ ဖော်ပြ
24htopnews | November 2, 2024 2:12 AM CST

PSG အသင်းသည် အသင်းတိုက်စစ်မှူး နေမာ အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်နေမှုအား လက်ခံဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

PSG အသင်းသည် အသင်းတိုက်စစ်မှူး နေမာ အသင်းဟောင်း ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် ပြင်ဆင်နေမှုအား လက်ခံဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ၂၀၁၇ နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းမှ PSG အသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

သို့သော် နေမာအနေဖြင့် ပြီးခဲ့သည့်ရာသီကတည်းက PSG  အသင်းတွင် မပျော်ရွှင်တော့ဟု သတင်းများဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ဘာစီလိုနာအသင်းကလည်း နေမာအားပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အတည်ပြုပြောကြားခဲ့ရာ နေမာ၏ အပြောင်းအရွှေ့သတင်းများမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

နေမာအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကတည်းက ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်မှုများရှိခဲ့သော်လည်း PSG   အသင်းက ပိတ်ပင်ခဲ့သောကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်။ 

နေမာအနေဖြင့် ပြီးခဲ့သည့်မတ်လအတွင်းက လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရရန် အစွမ်းကုန်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သလို၊ PSG  အသင်းကိုလည်း တောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့ကြောင့် PSG အသင်းအနေဖြင့် လက်ရှိအချိန်တွင် နေမာ၏ဆန္ဒပြင်းပြမှု ကြောင့် အပြောင်းအရွှေ့ကို လက်ခံဖွယ်ရှိနေကြောင်း စပိန် အခြေစိုက် အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့်လည်း ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကတည်းက နေမာအားခေါ်ယူရန် ကြိုးစားခဲ့ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အရခေါ်ယူဖွယ်ရှိနေသည်ဟု စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ၊ အားကစားဒါရိုက်တာ အဘီဒယ်လ်တို့ကလည်း နေမာအား ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့စေရန် ဆန္ဒရှိနေသည်။ 

နေမာသည် ဘာစီလိုနာအသင်းတွင် ၂၀၁၃-၁၄ ရာသီမှ ၂၀၁၆-၁၇ ရာသီအထိ (၄)ရာသီကြာကစားခဲ့ပြီး အသင်းအတွက်ပြိုင်ပွဲစုံ (၁၈၆)ပွဲ ကစားရာတွင် (၁၀၅)ဂိုးအထိ သွင်းယူပေးခဲ့သည်။ ထို့ပြင် နေမာအနေဖြင့် ဘာစီလိုနာအသင်းတွင် မက်ဆီ၊ ဆွာရက်ဇ် တို့နှင့်တွဲဖက်ကာ PSG  တိုက်စစ်အဖြစ် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။ နေမာသည် PSG  အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၀)ပွဲကစားပေးထားပြီး (၆၉)ဂိုး အထိ သွင်းယူပေးထားနိုင်သူဖြစ်သည်။

 


READ NEXT
Cancel OK