အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂရာဗီနာက စီးရီးအေပြိုင်ပွဲပြီးဆုံးချိန်မှာ စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာအထိ ရောက်သွားနိုင်ကြောင်း သုံးသပ်ပြောကြားသည်။
အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂရာဗီနာက စီးရီးအေပြိုင်ပွဲပြီးဆုံးချိန်မှာ စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာအထိ ရောက်သွားနိုင်ကြောင်း သုံးသပ်ပြောကြားသည်။
စီးရီးအေပြိုင်ပွဲကို မေလ (၂၀) ရက်တွင် ပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားသော်လည်း အီတလီနိုင်ငံ၌ Lockdown ချထားမှုမှာ အချိန်အကန့်အသတ်မရှိသေးသဖြင့် ရာသီပြီးဆုံးချိန်မှာ စက်တင်ဘာ-အောက်တိုဘာအထိ ရောက်သွားနိုင်ကြောင်း ဂရာဗီနာက ဧပြီလ (၅)ရက်တွင် ပြောကြားခဲ့သည်။
စီးရီးအေပြိုင်ပွဲကို ပြန်လည်မစတင်မီ စီးရီးအေအသင်းမှ ကစားသမားများအနေဖြင့် လေ့ကျင့်ခန်းပြန်လည်မဆင်းမီတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ တင်းကျပ်စွာစစ်ဆေးခံရမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
Ansa သတင်း အေဂျင်စီ၏ဖော်ပြချက်အရ အီတလီအား ကစားဆရာဝန်များအစည်းအရုံးမှ ဦးဆောင်၍ ကစားသမားများကို စစ်ဆေးမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ကစားသမားများကို အုပ်စု (၃)အုပ်စုခွဲ၍ သတ်မှတ်သွားရန် စီစဉ်ထားသည်။
ပထမအုပ်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၊ ဒုတိယအုပ်စုမှာ ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်သည့် ကိုယ်ခံစွမ်းအားရှိသူနှင့် တတိယအုပ်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်သောကိုယ်ခံစွမ်းအားမရှိသူဟူ၍ဖြစ်ကြောင်း သိရသည်။
အီတလီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏ သွေးနမူနာကိုရယူ၍ လေ့လာဆန်းစစ်မှုများပြုလုပ်နေပြီး ကစားသမားများကိုလည်း သွေးနမူနာရယူ၍ စစ်ဆေးသွားဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
