မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်နေရချိန်တွင် ဘောလုံးသမားများ လစာလျှော့ယူခြင်းဖြင့် အကူအညီပေးရန် တောင်းဆိုခံနေရခြင်းနှင့်ပတ်သက်၍ ဗြိတိန်အစိုးရအနေဖြင့် အခြားနယ်ပယ်စုံမှ အားကစားသမားများကို ချန်လှပ်ပြီး ဘောလုံးသမားများကိုသာ ပစ်မှတ်ထားနေခြင်းမှာမဖြစ်သင့်ကြောင်း ဝေဖန်မှု ပြုလုပ်ခဲ့သည်။
မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်နေရချိန်တွင် ဘောလုံးသမားများ လစာလျှော့ယူခြင်းဖြင့် အကူအညီပေးရန် တောင်းဆိုခံနေရခြင်းနှင့်ပတ်သက်၍ ဗြိတိန်အစိုးရအနေဖြင့် အခြားနယ်ပယ်စုံမှ အားကစားသမားများကို ချန်လှပ်ပြီး ဘောလုံးသမားများကိုသာ ပစ်မှတ်ထားနေခြင်းမှာမဖြစ်သင့်ကြောင်း ဝေဖန်မှု ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်တာဝန်ရှိသူများနှင့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် (PFA)တို့ကြား ကစား သမားများ လစာ(၃၀%)လျှော့ယူရန် ဆွေးနွေးမှုအဆင်မပြေဖြစ်နေချိန်၌ ရွန်နီက Sunday Times သတင်းစာမှတစ်ဆင့် ဝေဖန်ရေးသားမှု၊ မေးခွန်းထုတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်ကလည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင် တိုက်ပွဲဝင်နေရသည့် ကျန်းမာရေးဝန်ထမ်းများကို ကူညီနိုင်ရန် ဘောလုံးသမားများအနေဖြင့် လစာငွေလျှော့ယူရန် တိုက်တွန်းခဲ့သည်။
ထို့ကြောင့် ရွန်နီက မတ်ဟန်းကော့ခ်ကို အဓိက ဦးတည်ကာ တုံ့ပြန်ရေးသားခဲ့ခြင်းလည်းဖြစ်သည်။ ရွန်နီက "ဘယ်လိုအခြေအနေမှာဖြစ် ဖြစ် ကျွန်တော်တို့က လွယ်ကူတဲ့ပစ်မှတ်တွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ရဲ့ လစာတစ်ဝက် လောက်ကို အခွန်ဝန်ထမ်းတွေ ယူသွားတာပါ။ အဲဒီငွေတွေက အစိုးရဆီကိုရော ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးဖို့အတွက်ရော ဖြစ်ပါတယ်။ ပြီးတော့ တခြားအားကစားနယ်ပယ်တွေက နာမည်ကြီးတွေကို ဘာကြောင့် အခုလို မပြောတာလဲ။ သူတို့က မိုနာကိုလိုနေရာမှာနေပြီး အခွန်ရှောင်နေကြလို့လား။ ဘာကြောင့် ချမ်းသာတဲ့သူတွေကို ကူညီဖို့ မတိုက်တွန်းတာလဲ။ ဒီလိုဆိုရင် ငွေတွေပိုမရနိုင်ဘူးလား"ဟု ရေးသားခဲ့သည်။
ထို့ပြင် ရွန်နီက "ဘောလုံးသမားတွေ ဟာ ငွေကြေးများစွာကို အမြဲလှူဒါန်းမှု ပြုလုပ်နေတယ်ဆိုတာလည်း မမေ့သင့်ပါဘူး။ ကျွန်တော် ဘယ်လိုလှူဒါန်းခဲ့တယ်ဆိုတဲ့ အကြောင်း မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် ရန်ပုံငွေအဖွဲ့တွေကို အမြဲလှူဒါန်းခဲ့ပါတယ်။ လက်ရှိဘေးဒုက္ခက တစ်ကမ္ဘာလုံးကို ထိုးနှက်နေတာပါ။ ကျွန်တော်တို့အားလုံး လူသားတွေပါ။ ကျွန်တော်တို့ပဲ ပစ်မှတ်ထားခံနေရတာကိုတော့ မှားယွင်းတယ်လို့ ခံစားရပါတယ်။ ကစားသမားတချို့ အထူးသဖြင့် လူငယ်ကစားသမားတွေအတွက်လည်း စိုးရိမ်မိပါတယ်"ဟုလည်း ဆက်လက်ရေးသား ခဲ့သည်။
ရွန်နီက ကျန်းမာရေးဝန်ကြီး ဟန်ကော့ခ်သည် ဘောလုံးသမားများအား အရှက်ရဖွယ် အခြေအနေမျိုးဖြစ်အောင်၊ ပဋိပက္ခပိုမို ကြီးထွားအောင် တွန်းပို့သလိုဖြစ်နေသည်ဟုလည်း ထောက်ပြခဲ့သည်။ ယခုပြဿနာတွင် PFA သည် လစာငွေ (၃၀%)လျှော့ယူရန်ကို ငြင်းပယ်လိုခြင်းမဟုတ်ဘဲ ကျန်းမာရေးဝန်ထမ်းများအား ပိုမိုထိရောက်စွာ ကူညီပေးရန် ဆန္ဒရှိနေခြင်းကြောင့် ဆွေးနွေးမှု အဆင်မပြေ ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရွန်နီက "ကျွန်တော့်ကို အစိုးရက သူနာပြုတွေကို ငွေကြေးထောက်ပံ့ဖို့ ဒါမှမဟုတ် အသက်ရှူစက် ဝယ်ပေးဖို့ အကူအညီတောင်းလာခဲ့ရင် ကျွန်တော် ဂုဏ်ယူစွာ လုပ်ဆောင်သွားမှာပါ။ ကျွန် တော့်ငွေတွေ ဘယ်ရောက်သွားလဲဆိုတာ ကျွန်တော် သိနိုင်လို့ပါပဲ။ ပြီးတော့ ကျွန်တော့်မှာ ဒီလိုလုပ်ဆောင်နိုင်တဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။ ဘောလုံးသမားတိုင်းက ဒီလိုအခြေအနေမျိုး ရှိမနေပါဘူး"ဟု ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
