ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ မန်နေဂျာများ၊ အသင်းခေါင်းဆောင်များနှင့် PFA မှ တာဝန်ရှိသူများပါဝင်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်တွင် ကစားသမားများကိုယ်စား ဒီဘရိုင်းနား၊ ထရွိုင်ဒီးနီနှင့် မာ့ခ်နိုဘယ်လ်တို့ က စကားပြောခွင့်ရခဲ့ပြီး ကစားသမားများ၏ ဆန္ဒအမှန်မှာ လစာ၏ (၃၀)ရာခိုင်နှုန်းကို အဖြတ်ခံလိုသော်လည်း ကလပ်အသင်းများ၏ ဘဏ္ဍာရေးအခြေအနေကို ထောက်ပံ့ရန်ထက် အစိုးရ၏အစီအစဉ်များထံသို့ တိုက်ရိုက်ရောက်ရှိရန် ပိုမိုလိုလားကြောင်း ပြောခဲ့ကြသည်။
လက်ရှိအချိန်တွင် ကစားသမားများ၏ လစာဖြတ်တောက်မှုကိစ္စနှင့်ပတ်သက်ပြီး အပြီးသတ်ဆုံးဖြတ်ချက်မချမှတ်ရသေးဘဲ ဆွေးနွေးမှုများ ပြုလုပ်နေဆဲကာလဖြစ်ပြီး ကစားသမားများဘက်က ၎င်းတို့လျှော့ချခံရသည့် ငွေကြေးများကို ကလပ်အသင်းများ ဘဏ္ဍာရေးပြဿနာများပြေလည်ရန် ဖြေရှင်းမည့်အထဲသို့ ရောက်ရှိသွားမည်ကို စိုးရိမ်နေကြသည်။
ကစားသမားများက ယင်းငွေကြေးများကို အမှန်တကယ်လိုအပ်နေသည့် ပြည်သူများနှင့် NHS ကဲ့သို့ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုများထံ ရောက်ရှိမည်ဆိုသည့်အာမခံချက်ကို ကလပ်အသင်းများနှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်တို့ကပေးရန် လိုလားနေကြပြီး အသင်းခေါင်းဆောင်များအစုအဖွဲ့သည် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ အမှုဆောင်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။
(၄၅)မိနစ်ကြာပြုလုပ်ခဲ့သည့် ဗီဒီယိုကွန်ဖရင့်၌ ကစားသမားများကို ကိုယ်စားပြုသည့် အသင်းခေါင်းဆောင်များသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က NHS ထံသို့ ပေါင်သန်း (၂၀)သာ လှူဒါန်းမည့်အစီအစဉ်ကို ဒေါသထွက်နေကြပြီး မိမိတို့ လျှော့ချခံမည့် လစာငွေများနှင့်နှိုင်းယှဉ်ပါက အဆမတန်နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။
ပရော်ဖက်ရှင်နယ်ကစားသမားများအဖွဲ့ချုပ် (PFA) ကလည်း ကစားသမားများနှင့် အမြင်သဘောထားတူညီပြီး ပရီးမီးယားလိဂ်အနေဖြင့် ပေါင်သန်း (၂၀)ထက် ပိုမိုကူညီရန် မျှော်လင့်ကြောင်း၊ သို့မဟုတ်ပါက လစာငွေကိုမလျှော့ဘဲ ဆက်ထားခြင်းကသာ အစိုးရထံသို့ အခွန်အပြည့်အဝရောက်ရှိပြီး အစိုးရ၏ ကူညီထောက်ပံ့မှုအစီအစဉ်များကို ပိုမိုပါဝင်နိုင်မည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်သို့ ပြောကြားခဲ့သေးသည်။
PFA နှင့် ပရီးမီးယားလိ်ဂ်အဖွဲ့ချုပ်တို့၏ဆွေးနွေးမှုတွင် မည်သည့်အဖြေမှထွက်မလာဘဲ ပြီးဆုံးသွားခဲ့ပြီး ယခုအချိန်တွင် ကစားသမားများဘက်ကလည်း ယင်းကဲ့သို့ဆိုလာသဖြင့် ပရီးမီးယားလိဂ်အမှုဆောင်ချုပ်များနှင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်တို့သည် ကစားသမားများ၏လစာငွေအပေါ် အသုံးပြုမည့်နည်းလမ်းများကို ပြောင်းလဲရန်လိုအပ်လာသည်ဟုလည်း မီဒီယာများက ဖော်ပြခဲ့ ကြသည်။
ကစားသမားများ၏ လစာငွေကို (၃၀)ရာခိုင်နှုန်းအထိ လျှော့ချမည့်အစီအစဉ်တွင် ငွေကြေးပမာဏစုစုပေါင်းမှာ ပေါင်သန်း (၅၇၀)အထိရှိနေပြီး ယင်းငွေကြေးပမာဏသည် အစိုးရထံသို့ တိုက်ရိုက်ရောက်ရှိမည်ဆိုပါက NHS ကဲ့သို့ ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်းအတွက် ထောက်ပံ့ကြေးများ ပိုမိုရရှိမည်ဖြစ်သလို၊ အခြားအကျိုး ရှိသည့်လုပ်ရပ်များကို ပိုမိုလုပ်ကိုင်နိုင်လိမ့်မည်ဟု ကစားသမားများက ယုံကြည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
