ရှမ်းယူနိုက်တက်အသင်းနှင့် လမ်းခွဲထားသည့် တောင်ပံကစားသမား ရန်နိုင်ဦး၊ စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် နောက်ခံလူ ဒေးဗစ်ဒန်းတို့နှစ်ဦး ရန်ကုန်ယူနိုက်တက် အသင်းသို့ ရောက်ရှိလာပါက ကြိုဆိုနေမည် ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြောကြား သည်။
ရန်ကုန်ယူနိုက်တက်အသင်းမှ ရှမ်းယူ နိုက်တက်အသင်းသို့ ၂၀၁၈ ဘောလုံးရာသီတွင် ပြောင်းရွှေ့သွားခဲ့သည့် ဒေးဗစ်ဒန်းသည် ဧပြီလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံး တော့မည်ဖြစ်ပြီး ရန်နိုင်ဦးမှာလည်း မကြာသေးမီကပင် ရှမ်းယူနိုက်တက်အသင်းနှင့် လမ်းခွဲထားသည်။
၎င်းတို့နှစ်ဦးသည် ရန်ကုန် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့မည်ဟု သတင်းများထွက်ပေါ်နေခြင်းအပေါ် Eleven Sports က ဆက်သွယ်မေးမြန်းခဲ့ရာ နည်းပြချုပ် ဦးတင်မောင်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''သူတို့နှစ်ဦးကို ခေါ်ဖို့ရှိတယ်လို့တော့ သတင်းတွေက ထွက်နေပါတယ်။ ဒေးဗစ်ကလည်း ကစားနိုင်သေးတယ်။ ရန်နိုင်ဦးကလည်း အရည်အချင်းရှိတဲ့ ကစားသမားဖြစ်တဲ့အတွက် အသင်းကိုရောက် လာမယ်ဆိုရင်တော့ နည်းပြချုပ်တစ်ယောက်အနေနဲ့ ကြိုဆိုနေမှာပါ။ လက်ရှိအသင်းမှာ လိုအပ်နေတဲ့နေရာတွေရှိပါတယ်။ ဒေးဗစ်နဲ့ ရန်နိုင်ဦးတို့နှစ်ယောက်စလုံးက ကျွန်တော်တို့အသင်းရဲ့ လိုအပ်နေတဲ့နေရာတွေမှာ ကစားနိုင်တဲ့သူတွေပါပဲ။ သူတို့နှစ်ယောက်ကို ခေါ်ယူပေးမယ်ဆိုရင်တော့ အသင်းအတွက် တကယ်အကျိုးရှိတဲ့ ခေါ်ယူမှုဖြစ်မှာပါ''ဟု ဦးတင်မောင်ထွန်းက ပြောကြားသည်။
ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် ဒေးဗစ်ဒန်း သည် ရန်ကုန်ယူနိုက်တက်အသင်းမှ ရှမ်းယူနိုက်တက်အသင်းသို့ ၂၀၁၈ ရာသီဝက်ကာလတွင် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသို့ ဒေးဗစ်ဒန်းပြောင်းရွှေ့စဉ် ရန်ကုန်ယူနိုက်တက်ပရိသတ်များက ၎င်းအား ထွက်ခွာခွင့်ပြုခဲ့ခြင်းအတွက် ဝေဖန်မှုများရှိခဲ့သည်။
ထို့အတူ ရန်နိုင်ဦးမှာလည်း ရှမ်းယူနိုက်တက်အသင်းနှင့် စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေးညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်နိုင်ဦးသည် ဇေယျာရွှေမြေအသင်း (ယခုဖျက်သိမ်း) မှထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ ဘောလုံးရာသီတွင် ရှမ်းယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ရန်နိုင်ဦးသည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ-၂၀ အသင်းနှင့်အတူ တောက်ပလာခဲ့သူဖြစ်ပြီး ယင်းပြိုင်ပွဲ၏ အဖွင့်ဂိုးသွင်းယူသူအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
