ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၁၅ ရက်မှစပြီး ထောင်နှင့်ချီသည့် ကလေးငယ်များသည် စာသင်ခန်းများထဲသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ရှေ့ပြေးအစီအစဉ်တစ်ရပ်အနေဖြင့် အာဏာပိုင်များက စာသင်ကျောင်းများကို ပြန်ဖွင့်ပေးခြင်းလည်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးတွင် စာသင်ကျောင်းများကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပေးကာ ဆရာနှင့်ကျောင်းသားများ ကိုယ်တိုင်တွေ့ဆုံသင်ကြားရန် ခွင့်ပြုထားပြီးဖြစ်သည်။ ဖိလစ်ပိုင်တွင် ၂၀၂၀ ခုနှစ် မတ်လကတည်းက စာသင်ကျောင်းများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
နိုင်ငံအလယ်ပိုင်း ဆီဘူးပြည်နယ်ရှိ ဘိုဂိုမြို့ မူလတန်းကျောင်းမှ ကျောင်းဆရာတစ်ဦးဖြစ်သူ ဇီရက်စ် ဒါမာယိုက သူ၏တပည့်များနှင့် ပြန်တွေ့ရသည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ဖိလစ်ပိုင်ရှိ စာသင်ကျောင်းပေါင်း ၆၁,၀၀၀ ကျော်ထဲမှ အစိုးရစာသင်ကျောင်း ၁၀၀ ကို ရွေးချယ်ကာ နှစ်လကြာ ရှေ့ပြေးအစီအစဉ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လာမည့်သီတင်းပတ်များတွင် တိုးချဲ့ဖွင့်လှစ်မှုများ ပြုလုပ်သွားဖွယ်ရှိကြောင်း ပညာရေးနယ်ပယ်မှ တာဝန်ရှိသူများက ဆိုသည်။
ယင်းကဲ့သို့ ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်း အများအပြားသည် ဝေးလံခေါင်သီပြီး တောင်ထူထပ်သော အရပ်ဒေသများ၊ ကျွန်းများတွင် တည်ရှိကာ ဗိုင်းရပ်ကူးစက် ပျံ့နှံ့နိုင်ခြေနည်းပါးသည်ဟု ယူဆရသော နေရာများတွင် တည်ရှိသည်ဟု သိရသည်။
“ကျွန်တော်တို့အနေနဲ့ ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာအကဲဖြတ်မှုအရ အခုရှေ့ပြေးအစီအစဉ်ဟာ အောင်မြင်မှုရရှိနိုင်မယ်လို့ မျှော်လင့်ချက် ကြီးကြီးမားမား ထားမိပါတယ်” ဟု ဖိလစ်ပိုင်ပညာရေးဝန်ကြီး လီယိုနာဘရီယွန်စ်က ပြောကြားသည်။
သူငယ်တန်း၊ ပထမတန်းမှ တတိယတန်းအထိနှင့် အထက်တန်းအဆင့် ကျောင်းသားများအနေဖြင့် ယခုရှေ့ပြေးစမ်းသပ်မှု အစီအစဉ်နှင့် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ သို့ရာတွင် စာသင်ခန်းများအတွင်း ကျောင်းသားဦးရေကို လျှော့ချထားသကဲ့သို့ အတန်းချိန်ကိုလည်း ကန့်သတ်ထားကာ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်နှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေကြရန် တင်းကျပ်သည့် စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်။
အွန်လိုင်းမှ သင်ကြားမှု၊ ပုံနှိပ်စာအုပ်များ၊ ရုပ်သံနှင့် ဆိုရှယ်မီဒီယာတို့မှ သင်ခန်းစာ ပို့ချမှုများကို ပေါင်းစပ်ထားသည့် သင်ကြားရေး အစီအစဉ်ကို ဆက်လက်ကျင့်သုံးသွားမည်ဟုလည်း သိရသည်။
မြို့တော်နယ်နိမိတ်အတွင်းရှိ စာသင်ကျောင်းများတွင်လည်း ကိုယ်တိုင်တက်ရောက် သင်ကြားမှုများ ပြန်လည်စတင်နိုင်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိတွင် ၎င်းအစီအစဉ်ကို စတင်ရန် ခွင့်ပြုချက် မရရှိသေးပေ။
နာဗိုတက်စ်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ဖြစ်သူ အိုလီဗာဆန်းချက်ဇ်က မိဘအများစုသည် သူတို့၏ကလေးများ ကျောင်းပြန်တက်ခွင့်ရရှိရန် ဆန္ဒရှိနေကြသည်ဟု အေအက်ဖ်ပီသို့ ပြောကြားသည်။ လူဦးရေသန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်တွင် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းနီးပါးကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးပြီးဖြစ်သော်လည်း ၎င်းအနက်မှ ၇၀ ရာခိုင်နှုန်းနီးပါးသည် မြို့တော်မနီလာတွင် ဖြစ်သည်။ အာဏာပိုင်များသည် ယခုလတွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်များကို ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
