အစ္စရေးသမိုင်း၌ သွေးထွက်သံယိုအများဆုံးတိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ပါလက်စတိုင်းနယ်မြေစုဖြစ်သောဂါဇာကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း၌ ပိုမို ကျယ်ပြန့်သောပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည့်အနေအထား၌ အောက်တိုဘာ ၉ ရက်တွင် ရေနံစျေးများမြင့်တက်လာကြောင်း သိရသည်။
ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဟားမာ့စ်က ဂါဇာကမ်းမြောင်ဘက်မှ အလစ်အငိုက်ထိုးစစ်ဆင်ခဲ့ပြီးနောက် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ၏ သေဆုံးသူ စုစုပေါင်းအရေအတွက်သည် ၁,၁၀၀ ကျော်ရှိလာချိန် အောက်တိုဘာ ၈ ရက်တွင် အစ္စရေးက ဟားမာ့စ်တို့ကို စစ်ကြေညာထားသည်။
ဟားမားစ်တို့က အရပ်သားများကို ပစ်ခတ်ခဲ့ပြီး အနည်းဆုံးဓားစာခံ ၁၀၀ ကို ဖမ်းဆီးထားသော တိုက်ခိုက်ရေးသမားအများအပြားကို စေလွှတ်ထားပြီး အစ္စရေးကို ဒုံးကျည်ထောင်ပေါင်းများစွာ အတွဲလိုက် ပစ် ခတ်မှုလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ရာဟုက တစ်နေ့တွင် ရှည်လျားခက်ခဲသော စစ်ပွဲအတွက် အစ္စရေးသည် သံမဏိစိတ်ဓာတ်ရှိထားရမည်ဟု ပြောကြားသည်။
ဟားမာ့စ်၏အကြီးစားစစ်ဆင်ရေးစတင်ခဲ့ပြီးနောက် အစ္စရေး ၇၀၀ သေဆုံးခဲ့သည်ဟု အောက်တိုဘာ ၉ ရက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သော သေဆုံးစာရင်းအရသိရပြီး သေဆုံးသူ အရေအတွက်သည် ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲနောက်ပိုင်း အစ္စရေးနိုင်ငံ၏အဆိုးရွားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုသည်။
“အစ္စရေးဟာ မကြုံစဖူးတိုက်ခိုက်တာကို အလစ်အငိုက်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါကို 9/11 တိုက်ခိုက်မှုနဲ့နှိုင်းယှဉ်ပြောနေကြတာကို အကြိမ်ကြိမ်ကြားရပါတယ်။ ဒီတိုက်ခိုက်မှု ဘယ်လိုဖြစ်လာသလဲဆိုတာကို အစ္စရေးအတော်များများက နားလည်ဖို့ခက်နေပါတယ်”ဟု Scowcroft Middle East Security Initiative ၏ ညွှန်ကြားရေးမှူး ဂျိုနသန်ပါနီကော့ဖ်က ပြောသည်။
လူဦးရေ ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာတွင် လူ ၄၁၃ ဦးသေဆုံးသည်ဟု ဂါဇာတာဝန်ရှိသူများက ပြောကြားသည်။ ဆင်းရဲလျက်ရှိပြီး ပိတ်ဆို့ခံထားရသော ဂါဇာရှိ လေကြောင်းပစ်မှတ် ၈၀၀ ကို အစ္စရေးတိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၄၀၀ ကျော်သေဆုံးသွားခြင်းဖြစ်ပြီး အစ္စရေးဘက်က မြေပြင်ကျူး ကျော်စစ်ဆင်နွှဲလာမည်ကို ဂါဇာပြည်သူအများစု စိုးရိမ်လျက်ရှိသည်။
Ref: Ruters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
