၂၀၂၃ ခုနှစ်အတွင်း ကစားသမားအပြောင်းအရွှေ့တွင် အသားတင်သုံးစွဲမှုအများဆုံးအသင်းအဖြစ် ချယ်လ်ဆီးအသင်းက ထိပ်ဆုံး၌ရပ်တည်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုနှစ်အတွင်း ကစားသမားအရောင်းအဝယ်မှ ပေါင် ၄၅၂ သန်း(ယူရို ၅၂၈ သန်း)အထိ အနှုတ်ပြထားခဲ့သည်။ ယင်းပမာဏမှာ ဒုတိယနေရာ၌ ရှိနေသည့် ဆော်ဒီကလပ် အယ်လ်ဟီလာ အသင်းထက် ပေါင် သန်း ၁၇၀ ကျော် ပိုများ လျက်ရှိသည်။
ပြီးခဲ့သည့်နှစ်က ချယ်လ်ဆီးအသင်းတွင် ပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် စံချိန်တင် ငွေကြေးသုံးစွဲမှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီ အပြောင်းအရွှေ့တစ်ခုတည်းတွင် စံချိန်တင် ပေါင် ၃၂၃ သန်းအထိ သုံးစွဲခဲ့သည်။ ယခုနွေရာသီတွင် ကစားသမား ရောင်းချမှုမှ ပေါင် ၂၁၈ သန်းအထိ ရရှိထားသော်လည်း ပြန်လည်ဝယ်ယူမှုမှာ နောက်ဆုံး ခေါ်ယူထားသည့် ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာအထိ ပေါင် ၃၂၉ သန်း အထိ ရှိနေသည်။
ယခုစာရင်းကို အားကစား သုတေသနအဖွဲ့အစည်းဖြစ်သည့် CIES က ထုတ်ပြန်ခဲ့ပြီး Add-ons ကြေးနှင့် Sell-ons ကြေးများကို ထည့်သွင်းထားခြင်းဖြစ်သည်။ ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ် မှ ခုနစ်သင်းအထိ ပါဝင်နေပြီး ဆော်ဒီပရိုလိဂ်မှ နှစ်သင်း စာရင်းဝင်လျက်ရှိသည်။ ယခုနှစ်အတွင်း အပြောင်းအရွှေ့မှ အမြတ်အများဆုံးရသည့်အသင်းအဖြစ် ဘရိုက်တန်အသင်းက ထိပ်ဆုံးတွင်ရှိနေသည်။
၂၀၂၃ ခုနှစ်အတွင်း အသားတင်သုံးစွဲမှုအများဆုံး ၁၀ သင်း
ကလပ် ယူရို(သန်း)
ချယ်လ်ဆီး ၅၂၈ သန်း
အယ်လ်ဟီလာ ၃၃၀ သန်း
အာဆင်နယ် ၂၆၇ သန်း
ရီးယဲလ်မက်ဒရစ် ၂၁၇ သန်း
ဘုန်းမောက် ၂၁၆ သန်း
အယ်လ်အာလီ ၁၇၇ သန်း
နယူးကာဆယ် ၁၆၈ သန်း
မန်ယူ ၁၅၈ သန်း
လီဗာပူးလ် ၁၂၆ သန်း
အက်စတွန်ဗီလာ ၁၂၁ သန်း
၂၀၂၃ ခုနှစ်အတွင်း အပြောင်းအရွှေ့မှ အမြတ်အများဆုံးရ ၁၀ သင်း
ကလပ် ယူရို(သန်း)
ဘရိုက်တန် ၁၁၉ သန်း
ဗီလာရီးယဲလ် ၁၁၇ သန်း
ဘင်ဖီကာ ၁၀၃ သန်း
ရှက်တာဒိုးနက် ၁၀၁ သန်း
ရိုးမား ၉၉ သန်း
အတ္တလန်တာ ၉၇ သန်း
ပါလ်မီးရပ်စ် ၈၄ သန်း
ဝက်စ်ဟမ်း ၇၇ သန်း
အက်သလက်တီကို ၇၆ သန်း
အဲဗာတန် ၇၄ သန်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
