ပြီးခဲ့သည့်ရာသီကထက် မိမိ(၁၀)ဆ ပိုကောင်းလာသည်ဟု ရီးယဲလ်အသင်းတွင် ခြေစွမ်းပြနေသည့် ဘယ်လင်ဟမ် ပြောကြား
24htopnews | November 2, 2024 9:12 AM CST
ရီးယဲလ်အသင်းအတွက် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်က မိမိသည် ပြီးခဲ့သည့်ရာသီကထက် (၁၀)ဆပိုကောင်းလာသည်ဟု ပြောကြားခဲ့သည်။
ဘယ်လင်ဟမ်(၂၀ နှစ်)သည် ယခုနွေရာသီတွင် ဒေါ့မွန်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရို(၁၀၃)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လာလီဂါအဖွင့်(၂)ပွဲတွင် (၃)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသည်။
"ကျွန်တော်က ပြီးခဲ့တဲ့ရာသီကထက် (၁၀)ဆပိုကောင်းတဲ့ကစားသမား ဖြစ်နေပါပြီ။ ဒီကစားသမားတွေနဲ့ တွဲကစားရတာလည်း သက်သောင့်သက်သာရှိပါတယ်။ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ အရေးကြီးတာက အသင်းရဲ့ နိုင်ပွဲတွေအတွက် အကူအညီဖြစ်ဖို့ပါပဲ"ဟု ဘယ်လင်ဟမ်က ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
