မန်ယူအသင်းတာဝန်ရှိသူများသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ကစားသမားသစ် (၂)ဦး ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ယခုနွေရာသီတွင် ကွင်းလယ်ကစားသမား မေဆန်မောင့်၊ ဂိုးသမား အိုနာနာနှင့် တိုက်စစ်မှူး ဟွိုင်လန်းတို့ကို ပေါင်သန်း (၁၈၀)နီးပါး အသုံးပြုကာ ခေါ်ယူထားသည်။ သို့သော် မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က အသင်း၏လူစာရင်းမှာ လုံလောက်မှု မရှိသေးဘဲ ကစားသမားသစ်များ ခေါ်ယူရန် လိုအပ်နေသေးသည်ဟု အသင်းတာဝန်ရှိသူများထံ ပြောကြားထားကြောင်း သိရှိရသည်။
ESPN ၏ ဖော်ပြချက်အရ တန်ဟက်ဂ်သည် ဂိုးသမားတစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦး ထပ်မံခေါ်ယူရန် အလိုရှိနေကြောင်း သိရသည်။ မန်ယူအသင်းအနေဖြင့် အသင်းဂိုးသမား ဒင်းန်ဟန်ဒါဆန် အသင်းပြောင်းဖွယ်ရှိနေရာ အိုနာနာ၏ အရန်ဂိုးသမားနေရာအတွက် ဂိုးသမားတစ်ဦး ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းအနေဖြင့် ကွင်းလယ်ကစားသမားသစ်တစ်ဦး ထပ်မံခေါ်ယူရန်အတွက် ဖီအိုရင်တီနားမှ အမ်မရာဘတ်၊ ဘိုင်ယန်မြူးနစ်မှာ ဂရာဗန်ဘတ်ချ်တို့အား ချိတ်ဆက်နေသော်လည်း အသင်းရှိကစားသမားများကို ရောင်းထုတ်ပြီးသာ ခေါ်ယူနိုင်မည်ဖြစ်ကြောင်းလည်း ESPN က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
