ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်ခ်က နည်းပြ ပိုချက်တီနိုနှင့် ချယ်လ်ဆီးအသင်းကို အချိန်အတိုင်းအတာတစ်ခုပေးပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ကြည့်ပေးရန် အသင်းပရိသတ်များကို တိုက်တွန်းပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် ပေါင်သန်း(၃၅၀)အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူထားသော်လည်း ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းရန် ရုန်းကန်နေရသည်။ ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် လီဗာပူးလ်ကို(၁-၁) ဂိုးဖြင့် သရေကစားနိုင်ခဲ့သော်လည်း ပွဲစဉ် (၂)တွင် ဝက်စ်ဟမ်းအသင်းကို (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ထို့ကြောင့် နည်းပြ ပိုချက်တီနိုနှင့် ချယ်လ်ဆီးအသင်းအပေါ် ဝေဖန်မှုများ ရှိလာခဲ့သည်။ ယင်းအခြေအနေတွင် ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆယ်ဘိန့်ခ်က အသင်းပရိသတ်များကို စိတ်ရှည်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
"ချယ်လ်ဆီးရဲ့စီမံကိန်းက အချိန်ယူရမှာပါ။ ချယ်လ်ဆီးက ပါရမီရှိတဲ့ ကစားသမားတွေကို ခေါ်ထားပြီး သူတို့ ကွင်းအတွင်းမှာ အချင်းချင်း နားလည်ဖို့ အချိန်လိုပါတယ်။ သူတို့ အနေနဲ့ ပြဿနာတွေကို ကွင်းအတွင်းမှာ ဖြေရှင်းသွားကြမှာပါ။ ချယ်လ်ဆီးရဲ့အပြောင်းအရွှေ့တွေက တကယ်ကိုကောင်းပါတယ်" ဟု ဟက်ဆယ်ဘိန့်ခ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
