မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် နောက်ကျောဒဏ်ရာ အသေးစားခွဲစိတ်ကုသမှု ခံယူခဲ့ကြောင့် အသင်း၏နောက်လာမည့် ပရီးမီးယား လိဂ်ပွဲစဉ် (၂)ပွဲကို ကိုင်တွယ်နိုင်မည်မဟုတ်ဘဲ လွဲချော်မည်ဖြစ်ကြောင်း သိရှိရသည်။
အသက် (၅၂) နှစ်အရွယ်ရှိ ဂွါဒီယိုလာသည် နောက်ကျော နာကျင်သည့်ဝေဒနာကို ခံစားနေရသည့်အတွက် ဘာစီလိုနာမြို့သို့အရေးပေါ်သွားကာ အသေးစားခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်များအဖြစ် သြဂုတ်လ (၂၇)ရက်တွင် ရှက်ဖီးယူနိုက်တက်နှင့် အဝေးကွင်း၊ စက်တင်ဘာလ (၃) ရက်တွင် ဖူလ်ဟမ်နှင့် အိမ်ကွင်းပွဲစဉ်များကို ကစားရမည်ဖြစ်သည်။
ဂွါဒီယိုလာသည် နောက်ကျောဒဏ်ရာခွဲစိတ်ကုသမှုခံယူခဲ့ခြင်းကြောင့် အဆိုပါပွဲစဉ်များတွင် မန်စီးတီးအသင်းကို ကွင်းအတွင်း ကိုင်တွယ်နိုင်မည်မဟုတ်ဘဲ နိုင်ငံတကာရက်သတ္တပတ်အပြီးမှသာ ပြန်လည်ကိုင်တွယ်သွားဖွယ်ရှိကြောင်း သိရှိရသည်။
ဂွါဒီယိုလာ မကိုင်တွယ်နိုင်ချိန်တွင် ၎င်း၏လက်ထောက်ဖြစ်သူ ဟွမ်မာလီလိုက အသင်းကို ယာယီကိုင်တွယ်သွားမည်ဖြစ်ပြီး အသင်း၏လေ့ကျင့်ရေးအစီအစဉ်များတွင်လည်း ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
မန်စီးတီးအသင်း၏ ထုတ်ပြန်ချက်တွင် ဂွါဒီယိုလာ၏ခွဲစိတ်မှုမှာ အောင်မြင်ပြီး ဘာစီလိုနာတွင် ပြန်လည်ထူထောင်ရေးပြုလုပ်နေကြောင်း၊ ဂွါဒီယိုလာ အမြန်ဆုံးကျန်းမာလာစေရန် ဆုတောင်းနေကြောင်း ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
