Top News

■ ဂျာမန်မြေမှ ခွဲခြားမှုတိုက်ဖျက်ရေး (Life)
24htopnews | November 2, 2024 9:12 AM CST

ဖက်ဆစ်အလိုမရှိ ကြွေးကြော်သံကို စိန့်ပေါ်လီအသင်းပွဲတွေမှာ ကြားရတတ်တယ်။ စိန့်ပေါ်လီအသင်း ပရိသတ်တွေလက်ထဲ ကိုင်စွဲထားတဲ့ စာတန်းမှာ မြင်ရနိုင်တယ်။ စိန့်ပေါ်လီအသင်း ပရိသတ်တွေ ယုံကြည်တာ ဖက်ဆစ်ဝါဒမဟုတ်ဘူး။ ကွန်မြူနစ်ဝါဒ၊ လက်ဝဲယိမ်းပရိသတ်တွေဟာ ခွဲခြားဆက်ဆံမှုကို သေလောက်အောင် မုန်းတယ်။ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှာအခြေစိုက်တဲ့ စိန့်ပေါ်လီပရိသတ်တွေကို ဗြိတိန်က အကြမ်းဖက်မှုတိုက်ဖျက်ရေးအာဏာပိုင်တွေ စိုးရိမ်ဖူးတယ်။ Butterfly Effect လို့ ပြောရ မလားပဲ။ စိန့်ပေါ်လီပရိသတ်တွေ ကိုင်ဆောင်အားပေးလေ့ရှိတဲ့ အရိုးခေါင်းပေါ် အရိုးနှစ်ချောင်း ကြက်ခြေခတ်ယှက်ဖြာထားတဲ့အလံဟာ အကြမ်းဖက်မှုလှုံ့ဆော်ရေးအမှတ်အသားဆိုပြီး ဗြိတိန်ဘက်က ယူဆနေတာပါပဲ။ ဂျီဟတ်ဒ် အုပ်စုတွေကို ကိုယ်စားပြုတဲ့အရာလို့လည်း ဗြိတိန်ဘက်က တံဆိပ်ကပ်ခဲ့တယ်။


READ NEXT
Cancel OK