ကာတာစော်ဘွား ရှိတ်ဂျက်ဆင်သည် မန်ယူအသင်းကို ပေါင် (၆) ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီး အောက်တိုဘာလလယ်ပိုင်းတွင် အလုံးစုံလွဲပြောင်းရယူကြောင်း ကြေညာသွားဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။
မန်ယူအသင်း၏ လက်ရှိပိုင်ရှင် ဂလေဇာမိသားစုသည် အသင်းကို ၂၀၂၂ နိုဝင်ဘာလကတည်းက အရောင်းတင်ခဲ့ထားပြီး ကာတာစော်ဘွား ရှိတ်ဂျက်ဆင်နှင့် ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ် ဆာဂျင်ရက်ကလစ်ဖ်တို့က ဝယ်ယူရန် အပြိုင်ကမ်းလှမ်းခဲ့ကြသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ရှယ်ယာအများစုကို ဝယ်ယူကာ အသင်းပိုင်ရှင် ဂလေဇာမိသားစုအား ရှယ်ယာအချို့ ပိုင်ဆိုင်ခွင့်ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး ကာတာစော်ဘွား ရှိတ်ဂျက်ဆင်ကမူ အသင်းကို အလုံးစုံဝယ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ ရှိတ်ဂျက်ဆင်အနေဖြင့် မန်ယူအသင်းကို ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ၎င်း၏အဖွဲ့သည် မန်ယူအသင်းကို အလုံးစုံလွဲပြောင်းရယူရန် ပြင်ဆင်လျက်ရှိကြောင်း The Sun က ဖော်ပြခဲ့သည်။
အမေရိကန်သူဌေး ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၅ ခုနှစ်က ပေါင်သန်း (၈၀၀) ဖြင့် ဝယ်ယူခဲ့ပြီး (၁၈) နှစ်အကြာတွင် ပေါင် (၆) ဘီလီယံဖြင့် ရောင်းထုတ်ရန် သဘောတူညီခဲ့ခြင်းကြောင့် အမြတ်များစွာ ရရှိမည်ဖြစ်သည်။
ဂလေဇာမိသားစုသည် မန်ယူအသင်းထံမှ အကျိုးအမြတ်များစွာ ရယူခဲ့ပြီး အသင်း၏လက်ရှိကြွေးမြီမှာ ပေါင် (၁) ဘီလီယံကျော်ရှိနေကြောင်း မီဒီယာများက ဖော်ပြကြသည်။
ရှိတ်ဂျက်ဆင်သည် မန်ယူအသင်းကို ဝယ်ယူပြီးပါက ဂလေဇာမိသားစုကဲ့သို့ အသင်းထံမှ အကျိုးအမြတ်ရယူမည်မဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ်ကွင်းနှင့် ကာရင်တန်လေ့ကျင့်ရေးကွင်းများကို အဆင့့်မြှင့်တင်ခြင်း၊ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂလေဇာမိသားစုသည် ကနဦးက မန်ယူအသင်းတွင် ရှယ်ယာရှင်အဖြစ် ဆက်လက်နေထိုင်ရန် ဆန္ဒရှိခဲ့သော်လည်း အသင်းပရိသတ်များ၏ ဆန္ဒပြမှုများကြောင့် ရှိတ်ဂျက်ဆင်ထံ အသင်းကို အလုံးစုံရောင်းချရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
