ရိုးမားအသင်းသည် ချယ်လ်ဆီးအသင်း အရောင်းစျေးကွက်တင်ထားသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူအား အငှားဖြင့် ခေါ်ယူရန်စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ပါက ၎င်းကို လေဆိပ်တွင်ကြိုဆိုရန် ရိုးမားအသင်းပရိသတ်များ အသင့်ရှိနေကြောင်း သိရှိရသည်။
အသက် (၃၀) နှစ်အရွယ်ရှိ လူကာကူသည် ၂၀၂၁ နွေရာသီတွင် အင်တာမီလန်မှ ချယ်လ်ဆီးအသင်းထံသို့ ပေါင် (၉၇.၅) သန်းဖြင့် ရောက်ရှိလာခဲ့သည်။
သို့သော် ၎င်းသည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ခဲ့ရပြီး အသင်းကိုလူသိရှင်ကြား ဝေဖန်မှုကြောင့် ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်းထံ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ရသည်။
လူကာကူသည် အင်တာမီလန်အသင်းထံသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိခဲ့သော်လည်း ပြောင်းရွှေ့ကြေး ညှိမရသဖြင့် အဆင်မပြေဖြစ်ခဲ့သည်။
ထို့ပြင် လူကာကူအား ခေါ်ယူရန် ဂျူဗင်တပ်စ်အသင်းက ကြိုးပမ်းခဲ့သော်လည်း လက်ရှိတွင် ၎င်းတို့တိုက်စစ်မှူး ဗလာဟိုဗစ်ကိုသာ ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
လူကာကူသည် လက်ရှိ ချယ်လ်ဆီးအသင်းလူစာရင်းတွင် ပါဝင်ခြင်းမရှိသလို၊ ကျောနံပါတ်ပင် ပေးထားခြင်းမရှိကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် လူကာကူအား ယခုနွေတွင်ရောင်းထုတ်ရန် စျေးကွက်တင်ထားပြီး ယခုအခါ ရိုးမားအသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်သည်။
ရိုးမားအသင်းသည် လူကာကူအား ခေါ်ယူလိုသော်လည်း ချယ်လ်ဆီးအသင်း တောင်းဆိုထားသည့် ပေါင်သန်း (၄၀) ကိုမူ ပေးချေဖွယ်မရှိသည့်အတွက် တစ်ရာသီအငှားဖြင့် ခေါ်ယူရန်သာ ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
ရိုးမားအသင်းပရိသတ်များသည် အသင်းထံ ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူ ရောက်ရှ်ိလာမည့်အပေါ် စိတ်လှုပ်ရှားနေကြပြီး အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့မည်ဆိုပါက ၎င်းကို လေဆိပ်တွင်သွား ရောက်ကြိုဆိုရန် အသင့်ရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။
ရိုးမားအသင်းသည် အသင်းတိုက်စစ်ပိုင်းအတွက် အတ္တလန်တာတိုက်စစ်မှူး ဇာပါတာကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ယခုအခါ ချယ်လ်ဆီးက ရောင်းထုတ်လိုနေသည့် လူကာကူအား ခေါ်ယူရန် ချိတ်ဆက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
