အုတ်တွင်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးနှစ်အရွယ်ကလေးငယ်ကို ရေနွေးပူဖြင့် လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်မှုမှ လင်မယားနှစ်ဦးကို ပုဒ်မသုံးခုဖြင့် တရားစွဲဆိုထားကြောင်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နစ်နာသူကလေးငယ်ဘက်မှ လိုက်ပါကူညီလျက်ရှိသည့် Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက ပြောကြားသည်။
“အခုတော့ ပုဒ်မ သုံးခုနဲ့ တရားစွဲအမှုဖွင့် ထားတယ်။ ရှေ့နေနဲ့ တိုင်ပင်ပြီး လုပ်စရာရှိ တာတွေလည်း ထပ်လုပ်သွားမယ်” ဟု ကို ကျော်သူရပြောကြားသည်။
အောက်တိုဘာ ၃၁ ရက် အမှုနှင့်ပတ် သက်ပြီး တရားရုံးတွင် တရားခံနှစ်ဦးဖြစ်သည့် ကလေးငယ်ကို မွေးစားသည့် ဖခင်နှင့် မိခင် တို့ကို ရုံးထုတ်ခဲ့ရာတွင် တရားခံများဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေတစ်ဦးမျှမရှိသဖြင့် ရုံးချိန်းကို နိုဝင်ဘာ ၇ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
“ အစကတော့ တရားလိုဘက်ကို စစစ် ဖို့ပေါ့။ ဒါပေမဲ့ တရားခံတွေဘက်က ရှေ့နေတစ်ယောက်မှ မရှိသေးလို့ ရှေ့နေဌားခွင့်တောင်းတယ်။ ရုံးတော်က ခွင့်ပြုလိုက်တယ်။ လောလောဆယ်တော့ အမှုသုံးခုနဲ့ စွဲဆိုထား ပါတယ်။ ၃၇၆၊ ၃၂၅၊ ၃၂၆နဲ့ စွဲထားတယ်”ဟု ကလေးငယ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောကြားသည်။
အမှုဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ် ပေါက် တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် တင်ဇော်ဝင်းဆိုသူက ငါးနှစ်အရွယ် ကလေးငယ်ကို မွေးစားခဲ့ကြောင်း၊ ကလေးငယ်၏မိဘအရင်းမှာ ကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ ဆင်းရဲသဖြင့် ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့် အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာ တောင်ငူဆေးရုံ သို့ မွေးစားမိဘများက ပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကို အဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ ရှိခဲ့ကြောင်း ကိုကျော်သူရက ပြောကြားသည်။
“ကလေးဆေးရုံက ဆင်းလာတဲ့အချိန် အဘိုးအဘွားတွေ တွေ့လိုက်ရတာက အရိုးပေါ်အရေတင် ဗိုက်ပူနံကား ဒဏ်ရာဗရပွနဲ့ ပါ။ကလေးရောဂါကိုတော့ မိသားစုက ဆေး မြီးတိုနဲ့ ဆက်ကုပါတယ်။ ကလေးညအိပ် တော့ မိန်းမကိုယ်က အောင့်တယ်ပြောလို့ ကြည့်တော့ ရောင်ကိုင်းနေတာကိုတွေ့တယ်။ ဆက်မေးတော့ မွေးစားအဖေက အိမ်မှာ တစ်ခါ၊ တောထဲမှာတစ်ခါ လုပ်တယ်ပြောပါတယ်။ ထမင်းခိုးစားလို့ဆိုပြီး မျက်နှာကို ဓားနဲ့ခုတ်တယ်။ ပါးစပ်ထဲကို ရေနွေးပူလောင်းထည့်တယ်။ လက်ကို မီးနဲ့ရှို့တယ်။ ထမင်းအငတ်ထားတယ်။ မျက်နှာကိုလက်သီးနဲ့ထိုးလို့ သွားတွေကျိုးပြီး သွားဖုံးတွေကွဲသွား တယ်”ဟု ကိုကျော်သူရက ပြောကြားသည်။
ယင်းနောက် အဘိုးဖြစ်သူက သက်ဆိုင်ရာကို တိုင်ကြားရန် မြို့ပေါ်သို့ မြေးအဘိုးနှစ်ဦး အတူလာရောက်ခဲ့ကြောင်း၊ မိတ်ဆွေတစ် ဦးထံ အကူအညီတောင်းရန် လာရောက်စဉ် မိုးချုပ်သွားသဖြင့် Save The Trees Rescue Team အဖွဲ့ရုံးသို့ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူက ပို့ဆောင်ပေးခဲ့ကြောင်း၊လတ်တ လောတွင်မြေးအဘိုးနှစ်ဦးကို ကူညီစောင့်ရှောက်ထားကြောင်း၊ကျူးလွန်သူ တင်ဇော်ဝင်းဆိုသူနှင့် ဇနီးဖြစ်သူကို သက်ဆိုင်ရာက ဖမ်းဆီးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
