မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ဝမ်းပျက် ဝမ်းလျောရောဂါဖြင့် ေ-သဆုံးသူ (၂)ဦး ရှိလာသောကြောင့် ဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ရေးအတွက် ေ-သဆုံးသွားသည့် နေအိမ်နှင့် ဘေးထိစပ်သော ပတ်ဝန်းကျင်များသို့ ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။
မဟာအောင်မြေမြို့နယ်တွင် ဝမ်းပျက် ဝမ်းလျောရောဂါဖြင့် အသက် (၇၀)ဝန်းကျင်ရှိ အဘိုးတစ်ဦး၊ အဘွားတစ်ဦး ေ- သဆုံးခဲ့ရသောကြောင့် ယမန်နေ့ နိုဝင်ဘာ (၁)ရက်တွင် မြို့ နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအဖွဲ့၊ မြို့နယ်မီး သတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းတို့မှ ပိုးသတ်ဆေးများ ဖျန်းပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် (၁၁) ခရိုင်အနက် ခရို င် (၁၀) ခုတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အဖြစ်အများဆုံးမှာ မဟာအောင်မြေခရိုင်နှင့် ဒုတိယအဖြစ်အများဆုံးမှာ အောင်မြေသာစံခရိုင်တို့ ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
ထိုသို့ ဖြစ်ပွားမှုအခြေအနေများနှင့် ပတ်သက်၍ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အားဖြည့် ဆောင်ရွက်နိုင်ရန် ပြင်ထန်းဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကော်မတီအား ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါ ထိရောက်စွာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ရောဂါကူးစက်ပျံ့နှံမှု မရှိစေရေး လူစုဝေးရာ နေရာများမှစတင်၍ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းလည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမှာ ကူးစက်မှုမြန်ဆန်ပြီး ရောဂါပိုးရှိသည့် မသန့်ရှင်းသော သောက်သုံးရေ၊ အစားအစာ၊ လက်၊ အိမ်သာမှ တဆင့် ကူးစက်ခြင်းကြောင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပိုမို ထိရောက်အောင်မြင်အောင် အသိပညာပေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းနှင့် ထိရောက်သည့် အရေးယူခြင်းများနှင့် နှီးနွယ်ဌာနများ ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်းနှင့် ပြည်သူ များ၏ လိုက်နာ ပူးပေါင်းမှုမှာလည်း များစွာလိုအပ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ပြောဆိုထားသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
