ဂျကာတာ၊နိုဝင်ဘာ ၁
အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့အနီးရှိ ဟင်းချက်ဆီစက်ရုံ၌ သောကြာနေ့က မီးလောင်မှုကြီးတစ်ခုဖြစ်ပွားခဲ့ရာ လူအချို့ေ-သဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ဂျကာတာရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး အကြီးအကဲကပြောကြားခဲ့သည်။
ဂျကာတာမြို့အနီး ဘီကာဆီ ရှိ စက်မှုဇုန်တစ်ခုတွင် မီးလောင်ကျွမ်းမှုကြောင့် မီးသတ်ကား အစီး ၂၀ ခန့်က မီးငြှိမ်းရန် ကြိုးပမ်းလျက်ရှိကြကြောင်းသိရသည်။
“အခုချိန်ထိ မီးကို တစ်ဝက်လောက်ပဲ ထိန်းချုပ်နိုင်ပါသေးတယ်” ဟုသိရသည်။ အခင်းဖြစ်ပွားရာ နေရာမှ ေ-သဆုံးသူများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် အိတ် ၁၂ လုံးစာ ရှိသည်ဟုလည်းသိရသည်။
အစောပိုင်းကာလအထိ လူကိုးဦးပျောက်ဆုံးနေကြောင်း ကနဦးသတင်းရရှိခဲ့ကြောင်း၊ အဆိုပါနေရာတွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အမှုထမ်း ၃၀ ခန့် ပါဝင်လုပ်ဆောင်နေကြောင်းလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ လူကိုးဦးကို အခင်းဖြစ်ပွားရာနေရာမှ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အများစုမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်းလည်းသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
