နူးဒေလီ၊နိုဝင်ဘာ ၁
နူးဒေလီ၌ ဒီပါဝလီပွဲကျင်းပရာတွင် ဗျောက်အိုးများ၊မီးပန်းများမဖောက်ဘဲကျင်းပရန်ညွှန်ကြားထားပြီး ရောင်းချမှုကိုထိန်းချုပ်ထားသော်လည်း အများစုကမလိုက်နာသဖြင့် ဒီပါဝလီအပြီးတွင် နူးဒေလီနှင့်အနီးတစ်ဝိုက်သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များစာရင်း၌ပါဝင်လာခဲ့သည်။
ဒေလီနှင့်အနီးတစ်ဝိုက်မှ ပြည်သူများသည် သတိပေးအဆင့်ထက်ကျော်လွန်ပြီး မီးရှူးမီးပန်းများကို ညလုံးပေါက်ဖောက်ကာ ရိုးရာပွဲတော်ကိုကျင်းပခဲ့ကြသဖြင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း မီဒီယာများတွင်ဖော်ပြထားသည်။
ထို့ကြောင့် သောကြာနေ့နံနက်၌ မြို့တော်ရှိ လေထုညစ်ညမ်းမှုစောင့်ကြည့်ရေးဌာနများ၏ ညွှန်းကိန်းများက လေထုအရည်အသွေး အလွန်ညံ့ဖျင်းနေသည်ဟုညွှန်ပြနေခဲ့ကြသည်။
အာဏာပိုင်များကမူ နှလုံး သို့မဟုတ် အဆုတ်ရောဂါအခံရှိသူများကို အထူးဆင်ခြင်ရန်နေထိုင်ရန်သတိပေးထားပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသည် ကြာရှည်ပြီးပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ၊ခန္ဓာကိုယ်ပင်ပမ်းစေမည့်အလုပ်များကို ရှောင်ကြဉ်သင့်သည်ဟုလည်းတိုက်တွန်းထားသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
