မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးတွင် နှစ်ပတ်ကြာ ကူညီဆောင်ရွက်ပေးခဲ့သော တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ လုပ်ငန်းအောင်မြင်ပြီးဆုံး၍ ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ သံမှူးကြီး Ms. Li Xiaoyan နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့က လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။
နေပြည်တော်၌ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ညွှန်ကြားလျက်ရှိသည့် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဗွီဒီယိုမှတစ်ဆင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး နှုတ်ဆက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိတွင် မြန်မာနိုင်ငံသည် COVID-19 ရောဂါ၏ ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်ကျွမ်းကျင်ပညာရှင်များအဖွဲ့က ယခုလို ခက်ခဲလှသည့်အချိန်၌ မြန်မာနိုင်ငံသို့ လာရောက်ကူညီပေးခြင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယင်းသည် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို သက်ဝင်လှုပ်ရှားစွာ ပေါ်လွင်စေကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်အတွင်း၌ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ဒေသအသီးသီးသို့ သွားရောက်လေ့လာ၍ ညွှန်ပြမှုများပေးပြီး မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနတို့နှင့် ဗွီဒီယိုအစည်းအဝေး ကျင်းပကာ မြန်မာနိုင်ငံ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုနှင့် ကုသကယ်ဆယ်ရေးအတွက် သိပ္ပံနည်းကျစွာ အကြံပြုချက်များကို ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဗဟိုနှင့် ဒေသန္တရ ကျန်းမာရေးဌာနများက ကျွမ်းကျင်ပညာရှင်များအဖွဲ့က ပေးအပ်သည့် အကြံပြုချက်များအား သေချာစွာသင်ယူ၍ လက်တွေ့လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အင်တိုက်အားတိုက် ကူညီပေးမှုကြောင့် မြန်မာနိုင်ငံသည်COVID-19 ရောဂါကို ဆောလျင်စွာ တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံနှင့် ဆေးပညာဆိုင်ရာ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ နှစ်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားသစ်လောင်းပေးလိုကြောင်း ပြောကြားသည်။
သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် အခြေအနေတွင် တရုတ်နိုင်ငံအစိုးရက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စေလွှတ်၍ အဝေးမှလာရောက် ကူညီပေးခြင်းသည် တရုတ်-မြန်မာ နက်ရှိုင်းလှသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပေါ်လွင်စေပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း၏ အနှစ်သာရကို လက်တွေ့ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း၌ တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များသည် မြန်မာနိုင်ငံနှင့် စေတနာအပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ရောဂါကာကွယ်ရေး အတွေ့အကြုံများကို သေသေချာချာမျှဝေကာ မြန်မာနိုင်ငံအတွက် ရောဂါကာကွယ်ရေး ကျန်းမာရေးဝန်ထမ်းများစွာ လေ့ကျင့်ပေးခဲ့သည့်အပြင် ကုသရေးလုပ်ငန်းများအတွက်လည်း လမ်းညွှန်ခဲ့ကြောင်း၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် ကုသရေးပစ္စည်းများစွာ အထူးသဖြင့် ဗိုင်းရပ်စ် ရှိ မရှိ အလိုအလျောက် စမ်းသပ်ရေးစက် စသည်တို့ကို သယ်ဆောင်လာပြီး မြန်မာနိုင်ငံက ရောဂါကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကျိုးထမ်းဆောင်ပေးခဲ့ကြောင်း၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့ မြန်မာနိုင်ငံအား လာရောက်ကူညီပေးခြင်းသည် တရုတ်-မြန်မာပူးပေါင်း၍ COVID-19 ရောဂါ တိုက်ဖျက်ရေးကို ထင်ဟပ်စေကြောင်း၊ ယနေ့တွင် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအဖွဲ့သည် တာဝန်အောင်မြင်စွာ ပြီးဆုံးပြီဖြစ်၍ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ဆက်လက် ကူညီပေးမည်ဖြစ်ကြာင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့် အပြန်အလှန် ကူညီဖေးမ၍ ပူးပေါင်းဆောင်ရွက်မှုအား တိုးမြှင့်ကာ COVID-19 ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုအား အတူတကွဆွတ်ခူး ရရှိလိုကြောင်း ပြောကြားသည်။
တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့သည် ဧပြီ ၈ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၌ရှိနေစဉ်အတွင်း ပူပြင်းလှသည့်ရာသီဥတု စသဖြင့် အခက်အခဲများကို ကျော်လွှား၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ဆေးကုသရေးအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းနှင့် သီးသန့်စောင့်ကြည့်သည့်နေရာ ၄၃ ခုသို့ သွားရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျန်းမာရေးဌာနများနှင့် ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးမှုများ ကူးလူးဖလှယ်ရေးနှင့်လေ့ကျင့်ရေးအခမ်းအနားပေါင်း ၆၀ ကျော်ကျင်းပခဲ့ပြီး လူဦးရေ ၄၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်လုပ်ငန်းရှင်များက မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံသို့ အသက်ရှူစက်များကိုလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မီးလင်းချိုင်သဘာဝဓာတ်ငွေ့ရည် (LNG) သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ အသက်ရှူစက်များ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဧပြီ ၂၂ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ Yunnan Energy Investment Group (YEIG) အထွေထွေမန်နေဂျာ Mr. Zhao Jin တို့တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ စီမံကိန်းဆောင်ရွက်သည့် တရုတ်ကုမ္ပဏီမှ YH-830-11 အမျိုးအစား အသက်ရှူစက် ငါးလုံးကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုယ်စား လက်ခံရယူပြီး ကုမ္ပဏီထံ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းကို ပေးအပ်ခဲ့ပါသည်။
ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါကုမ္ပဏီနှစ်ခု အတူတကွ ရင်းနှီးမြှုပ်နှံ တည်ဆောက်သည့် ရန်ကုန်သာကေတ ဓာတ်အားပေးစက်ရုံမှလည်း ဒေသခံ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနသို့ တစ်ခါသုံး နှာခေါင်းစည်း၊ ပိုးသတ်ဆေးရည် စသည့် ရောဂါကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
