COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် ဒဂုံအရှေ့မြို့နယ်နေ Case 120 အမျိုးသမီး နေထိုင်ခဲ့သည့်လမ်းကို ဧပြီ ၂၂ ရက်တွင် Lockdown ချထားကြောင်း သိရသည်။
အဆိုပါ Case 120 နေထိုင်ခဲ့သည့် ဖျာပုံလမ်းကို ဧပြီ ၂၁ ရက်ညပိုင်းမှ စတင်ကာ ပိုးသတ်ဆေးဖျန်းထားပြီး ယင်းနေ့ညတွင်ပင် Lockdown ချထားလိုက်ကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။
“ မနေ့က ည ၈ နာရီလောက်ကတည်းက ဒီလမ်းမှာနေထိုင်တဲ့ ကောင်မလေးတစ်ယောက်မှာ COVID-19 ရောဂါပိုးရှိတယ်ဆိုလို့ ကျွန်တော်တို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အကြောင်းကြားခဲ့ပါတယ်။ ပြီးတော့ လူနာတင်ယာဉ်နှစ်စီးရောက်လာပြီး အဲဒီအိမ်က ရောဂါပိုးတွေ့တဲ့ကောင်မလေးရယ် သူ့မိသားစုသုံးဦးကို ခေါ်ဆောင်သွားပါတယ်။ သူတို့အိမ်မှာ အဲဒီကောင်မလေးအပါအဝင် မိသားစုလေးယောက်ပါ။ သူရယ် သူ့အမေရယ်၊ အဘိုးရယ်၊ အဘွားရယ် နေတာပါ။သူ့အဘိုးက အသက် ၅၀ ကျော်ဝန်းကျင်လောက် ရှိမယ်။ သူ့အမေကလည်း သိပ်အသက်မကြီးသေးပါဘူး။ သူတို့က အိမ်ငှားနေတာပါ။ နှစ် နှစ်ဝန်းကျင်လောက်တော့ရှိမယ်။ သင်္ကြန်တွင်းတုန်းကလည်း ကောင်မလေးက အိမ်မှာပဲရှိတယ်။ သူကမြန်မာပလာဇာမှာရှိတဲ့ MPT မှာ အရောင်းစာရေးပါ။ သူတို့ရုံးက ၇ ရက်နေ့ ပိတ်လိုက်တာ။ အဲဒီကတည်းက သူက အိမ်မှာရှိတာပါ။ ညက ၁၂ နာရီအထိ တောက်လျှောက် ပိုးသတ်ဆေးဖျန်းပါတယ်။ ဒီလမ်းထဲ လူတွေကိုတော့ ဘယ်သူ့ကိုမှ အပြင်ပေး မထွက်ပါဘူး။ ဘယ်အချိန်မှ ထွက်လို့မရပါဘူး။ အပြင်လူလည်း ပေးမဝင်ဘူး။ သူတို့ စားသောက်ဖို့က သူတို့ မနက်ပိုင်း မနက်စာ စားချင်ရင် စားချင်တဲ့ဟာကို သူတို့က စာရင်းလာပေးတယ်။ သူတို့ ပိုက်ဆံနဲ့ ကျွန်တော်တို့က ဝယ်ပေးပါတယ်။ နေ့လယ်စားသောက်ဖို့လည်း အခုလိုပဲ စီစဉ်ပေးပါတယ်။ သက်ဆိုင်ရာဌာနက ညွှန်ကြားချက်ရတဲ့အထိလမ်းကို Lockdown ချထားမှာပါ” ဟု ဒဂုံအရှေ့မြို့နယ် အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် Case 120 အမျိုးသမီးအား လက်ရှိအချိန်တွင် တောင်ဥက္ကလာပ အထူးကုဆေးရုံတွင် ထားရှိကုသထားပြီး သူမ၏ မိခင်၊ အဘိုးနှင့် အဘွားဖြစ်သူတို့အား လှိုင်မြို့နယ်ရှိ MICT သို့ Quarantine ဝင်ရန် ပို့ဆောင်ထားကြောင်း သိရသည်။
Lockdown ချခံထားရသည့်လမ်းတွင် နေထိုင်သူများ စားသောက်မှုအဆင်ပြေရန် We Love အဖွဲ့က ကျပ် ၁၆၀၀၀ တန်ဖိုးရှိ စားသောက်စရာများအား လှူဒါန်းပေးခဲ့ကြောင်း၊ ထို့ပြင် အဆိုပါလမ်းနေထိုင်သူများ၏ လိုအပ်ချက်များကို နောက်ပိုင်းတွင်လည်း ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဒဂုံအရှေ့မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် Case 120 အလုပ်လုပ်ကိုင်ခဲ့သည့် MPT Shop Myanmar Plaza ကို ပိုးသတ်ဆေးဖျန်းခဲ့ပြီး MPT Shop သို့သာ မဝင်ရောက်နိုင်ရန် ကန့်သတ်ထားသော်လည်း မြန်မာပလာဇာရှိ အခြားဆိုင်ခန်းအချို့မှာ ဧပြီ ၂၂ ရက် ညနေပိုင်းအထိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်ကို တွေ့မြင်ခဲ့ရသည်။
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် ဒဂုံအရှေ့မြို့နယ်နေ Case 120 အမျိုးသမီးမှာ COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှုမရှိသလို ပြည်ပသို့ ခရီးသွားရာဇဝင်လည်းမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
