ချင်းပြည်နယ် ပလက်ဝသို့ ဆန်အိတ်များ ထပ်မံပို့ရန်အတွက် ကားမောင်းမည့်သူ မရှိဖြစ်နေသည်ဟု ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ ဆရာမြက ပြောကြားသည်။
ပလက်ဝမြို့တွင် လက်ရှိအခြေအနေများအရ တိုက်ပွဲဖြစ်ပွားမှုများရှိနေပြီး ဆက်သွယ်မှု ခက်ခဲကြောင်း သိရသည်။
“ ပလက်ဝမြို့တွင်လည်း ဖုန်းလိုင်းကို မနေ့က စတင်ရခဲ့ပါတယ်။ ပလက်ဝ အခြေအနေက အခုတိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရတယ်။ ကျွန်တော်တို့ ဖုန်းနဲ့မေးရင်လည်း ဘယ်နေရာဆိုတာ မပြောနိုင်ဘူး။ သူတို့လည်း အိမ်အပြင်မထွက်ရဲဘူး ပြောတယ်။ ပလက်ဝကို ဆန်အိတ် ၈၃၀ ရောက်သွားပြီ။ အဲဒါကလည်း သူတို့ တစ်ပတ်စာလောက်ပဲ ရှိတယ်။ နောက်ထပ် ဆန်အိတ် ၁၀၀၀ ပို့ဖို့ ဆန်အိတ်က အဆင်သင့်ရှိတယ်။ ကားမောင်းပေးမယ့်သူ မရှိဘူး ဖြစ်နေတယ်။ မမောင်းရဲကြဘူး ဖြစ်နေတယ်။ နောက်ဘယ်လိုစီစဉ်မလဲဆိုတာ ဆွေးနွေးတုန်းက ဒီတစ်ပတ်ထဲပို့မှ ဖြစ်မယ်လေ။ ဆန်အိတ်တွေက ဆမီးမြို့မှာပါ” ဟု ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (KACC) ဆရာမြက ပြောကြားသည်။
ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှ ဧပြီ ၂၂ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်တွင် ပလက်ဝမြို့တွင် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အတိဒုက္ခရောက်နေသူများအတွက် ရိက္ခာဆန်များကို ပြည်သူများထံ အရောက်ပို့ဆောင်နိုင်ခဲ့သဖြင့် ဝမ်းသာကြောင်း၊ တိုက်ပွဲများ ပြီးဆုံးပါက ပလက်ဝမြို့ဒေသခံများအတွက် စားဝတ်နေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ တပ်မတော်မှ လေကြောင်းဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် ချင်းတိုင်းရင်းသား၂၉ ဦး သေဆုံးခဲ့ကာ အနည်းဆုံး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် AA အဖွဲ့ကလည်း ပလက်ဝမြို့ရှိ ချင်းရွာများတွင် မကြာခဏ ဝင်ထွက်ခြင်းများရှိပြီး အရပ်သားများကို ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် ပလက်ဝမြို့ စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်မောင်နှင့် အရပ်သား သုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ပြန်လွှတ်ပေးခြင်း မရှိကြောင်း၊ လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသည့် ချင်းတိုင်းရင်းသား အနည်းဆုံး ၁၄ ဦးခန့် ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
“ တကယ် အသိအမှတ်ပြုစေချင်တာက လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆုံးပါးသွားတာကို နိုင်ငံတော်က ပြန်လည်စစ်ဆေးပြီး ထိုက်သင့်သလို သူတို့ဘက်က လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပေးဖို့ရယ်။ နစ်နာခဲ့ရတဲ့ သူတွေကို ပြန်ကြည့်ပေးဖို့ရယ်။ AA ဘက်က လုပ်ထားတာတွေ ရှိတယ်။ သူတို့ကတော့ ငြင်းတယ်လေ။ လူမသိသူမသိ ဖမ်းခေါ်ထားတာ စည်ပင်ကော်မတီ အပါအဝင် ဖမ်းခေါ်ထားတာ ၁၅ ယောက်လောက် ရှိတယ်။ အဲဒါတွေကိုလည်း ပြန်လွှတ်ပေးဖို့ပါ” ဟုဆရာမြ က ဆက်လက် ပြောကြားသည်။
ချင်းပြည်နယ် ပလက်ဝဒေသအတွင်းတွင် တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်နှင့် ချင်းပြည်နယ် ဆမီးမြို့တို့တွင် စစ်ဘေးရှောင် ဒုက္ခသည်အများအပြား ရောက်ရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
