မြန်မာ -ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်လူထွက် ပိတ်ထားပြီးနောက်ပိုင်း မောင်တောမြို့နယ် မြောက်ပိုင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်မှ ဘင်္ဂါလီတစ်ဦး တရားမဝင် ပြန်လည်ဝင်ရောက်လာသဖြင့် Facility Quarantine ပြုလုပ်ထားကြောင်း သိရသည်။
ဧပြီ ၁ ရက်ကစတင်ကာ မောင်တော နယ်စပ်ဂိတ်ပေါက် အားလုံးမှ လူဝင်လူထွက်ကို ပိတ်ထားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင် ခိုးဝင်လာသူ မရှိခဲ့သော်လည်း ဧပြီ ၁၈ ရက် ညနေပိုင်းက မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည့်ကျကျေးရွာသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူ တစ်ဦး ရောက်ရှိသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက သတင်းပေးပို့လာသဖြင့် လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းကို ပို့ဆောင်ခဲ့ကာ Facility Quarantine ဆောင်ရွက်ထားကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောကြားသည်။
ယခင်က ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ခိုးဝင်ပြီး ကျေးရွာအသီးသီးသို့ ပြန်လည် ရောက်ရှိနေသူ ၈၂ ဦး လှဖိုးခေါင်စခန်းတွင် Facility Quarantine လုပ်ဆောင်ထားရာ တစ်ဦး ထပ်တိုးလာသဖြင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည်ခိုးဝင်လာသူ ဘင်္ဂါလီ ၈၃ ဦးရှိကြောင်း သိရသည်။
“အခုတစ်ဦးဆိုတော့ အားလုံး ၈၃ ဦး ရှိတယ်။ သူတို့ကို လှဖိုးခေါင်မှာ Quarantine လုပ်ထားတယ်။ ဧပြီ ၁ ရက် ကတည်းက လုံခြုံရေး တင်းကြပ်ထားတော့ဝင်တာ မရှိခဲ့ဘူး။ နယ်စပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုလည်း ပြောထားတဲ့အတွက် ဝင်လာတဲ့သူတွေကို Quarantine လုပ်နိုင်တာ ဖြစ်တယ်”ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က ပြောကြားသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လှဖိုးခေါင်ယာယီ ပြန်လည်လက်ခံရေးစခန်း၊ မောင်တောမြို့ပေါ်ရှိ အ.ထ.က ၂ နှင့် မိုးလုံလေလုံ အားကစားရုံ စသည့် နေရာသုံးနေရာကို Facility Quarantine စခန်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူနှင့် ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ အရေအတွက် နေ့စဉ် မြင့်တက်လာသဖြင့် မောင်တောနယ်စပ်ဂိတ်များကို ဧပြီ ၁၃ ရက်က ပိတ်ထားကြောင်း နှင့် လက်ရှိ ခိုးဝင်လာသူများ ရှိနေသည့်အတွက် ရောဂါပြန့်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
