ကရင်ပြည်နယ် မြဝတီမြို့တွင် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဧပြီ ၁၈ ရက်နေ့က ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားရာတွင် လိုက်နာခြင်းမရှိဘဲ ချိုးဖောက်သူ ၆၄ ဦးကို ဒဏ်ငွေ ငါးသောင်းကျပ် ချမှတ်ခဲ့ကြောင်း သိရသည်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားရှိမှုအား ပြည်သူများ လိုက်နာစေလိုသည့်အတွက် ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ လှည့်ကင်းဆောင်ရွက်ရာတွင် ဧပြီ ၂၀ နှင့် ၂၁ ရက်များ၌ လိုက်နာမှုမရှိသူ ၆၄ ဦး ရှိခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အမိန့်ချမှတ်ရာတွင် ဒဏ်ငွေ ငါးသောင်း မပေးဆောင်နိုင်ပါက ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ပြောကြားသည်။
ကရင်ပြည်နယ် အစိုးရအဖွဲ့မှ မြဝတီမြို့တွင် ဧပြီလ ၁၈ ရက်က ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မြဝတီခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများ သိရှိလိုက်နာနိုင်ရန် အသံချဲ့စက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပေးကြေငြာခဲ့သလို မြဝတီခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းအဖွဲ့များမှ ည ၁၀ နာရီနောက်ပိုင်း လှည့်ကင်း၊ ရပ်ကင်းများ ဆောင်ရွက်၍ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ခဲ့ပြီးနောက် ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်များမှစတင်၍ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာ ညမထွက်ရအမိန့် လိုက်နာမှုမရှိသူ ၆၄ ဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ညမထွက်ရအမိန့် မလိုက်နာသူ ၆၄ ဦးအား ဧပြီ ၂၂ ရက်တွင် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုမှ တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ လျှောက်ထားရာ မြဝတီမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ဒဏ်ငွေ ကျပ် ငါးသောင်း ချမှတ်ခဲ့ပြီး ယင်းငွေဒဏ် မပေးဆောင်နိုင်ပါက ထောင်ဒဏ် တစ်လ ကျခံရမည်ဟု အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
