တစ်နိုင်ငံလုံး၌ ဧပြီ ၂၂ ရက် နံနက်ပိုင်းအထိ COVID-19 ဓာတ်ခွဲစစ်ဆေးပြီးသူ ၅၁၉၈ ဦးရှိပြီး စောင့်ကြည့်လူနာ စုစုပေါင်း ၂၂၀၀ ကျော် ကျန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဧပြီ ၂၂ ရက် နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးပြီးသူ စုစုပေါင်း ၅၁၉၈ ဦးရှိပြီး စောင့်ကြည့်လူနာ ၂၂၁၂ ဦး၊ ပိုးတွေ့လူနာ ၁၂၁ ဦး၊ သေဆုံးလူနာငါးဦးနှင့် ပိုးတွေ့ပြန်လည်ကောင်းမွန်သူ ခုနစ်ဦးရှိကြောင်းနှင့် ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ၁၉ ဦး၊ တောင်ဥက္ကလာပမြို့နယ်၌ ၁၃ ဦး၊ ဗဟန်းမြို့နယ် တွင် ၁၂ ဦး၊ မရမ်းကုန်းမြို့နယ်တွင် ၁၀ ဦး၊ ပန်းဘဲတန်းမြို့နယ်တွင် ခြောက်ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး ကလေးမြို့တွင် ခြောက်ဦး၊ ချင်းပြည်နယ် တီးတိန်မြို့တွင် ငါးဦး၊ လှိုင်သာယာမြို့နယ်တွင် ငါးဦး၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် လေးဦး ၊ ဗိုလ်တထောင်မြို့နယ်တွင် သုံးဦး၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် သုံးဦး၊ ရွှေပြည်သာမြို့နယ်တွင် သုံးဦး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ နှစ်ဦး၊ မင်္ဂလာဒုံမြို့နယ်၌ နှစ်ဦး ၊ မြောက်ဥက္ကလာပမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့တွင် နှစ်ဦး ၊ စမ်းချောင်းမြို့နယ်တွင် နှစ်ဦး၊ ရှမ်းပြည် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှစ်ဦး၊ ဒေါပုံမြို့နယ်တွင် နှစ်ဦး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၌ နှစ်ဦး၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် တစ်ဦး၊ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည် (မြောက်ပိုင်း) ကျောက်မဲမြို့၌ တစ်ဦး၊ မွန်ပြည်နယ် ကျိုက်မရောမြို့တွင် တစ်ဦး၊ လှည်းကူးမြို့တွင် တစ်ဦး၊ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်တွင် တစ်ဦး၊ ရှမ်းပြည် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် တစ်ဦး၊ အလုံမြို့နယ်၌ တစ်ဦး၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တွင် တစ်ဦး၊ ပုစွန်တောင်မြို့နယ်တွင် တစ်ဦး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) တွင် တစ်ဦး၊ တာမွေမြို့နယ်တွင် တစ်ဦး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်ဦး၊ လမ်းမတော်မြို့နယ်တွင် တစ်ဦး၊ ကမာရွတ်မြို့နယ်၌ တစ်ဦး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် တစ်ဦး စုစုပေါင်း ၁၂၁ ဦးရှိကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်း ၇၁ ဦးအား ဧပြီ ၂၀ ရက်မှ မေ ၁၇ ရက်အထိ ယာယီတွဲဖက် တာဝန်ချထားပြီးဖြစ်ကြောင်း၊ ပထမအသုတ်တွင် ကလေးဆေးရုံကြီး၊ အရှေ့ပိုင်း ပြည်သူ့ဆေးရုံကြီး၊ သင်္ဃန်းကျွန်း စံပြဆေးရုံကြီး၊ မျက်စိရောဂါအထူးကုဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး စသောပြည်သူ့ဆေးရုံကြီးများမှ လက်ထောက်ဆရာဝန် ၂၀၊ ရောဂါဗေဒနှင့် အဏုဇီဝဆရာဝန် သုံးဦး၊ ဆေးဝါး/ဆေးဘက်ကျွမ်းကျင် ငါးဦး၊ သူနာပြု ၁၅ ဦး၊ ဓာတ်မှန် နှစ်ဦး၊ ဆေးပညာ ၁၃ ဦး၊ မေ့ဆေးအထူးကု ဆရာဝန် ၁၃ ဦး စုစုပေါင်း ၇၁ ဦး တာဝန်ချထားပြီးဖြစ်ကြောင်းနှင့် ဒုတိယအသုတ်အနေဖြင့်လည်း ဆရာဝန်အပါအဝင် အထောက်အကူပြုအဖွဲ့ ၇၁ ဦးကို တာဝန်ချထားရန်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
